Entertainment: ပွဲဦးထွက် မလှတဲ့ လူးဝစ်ဆာ ဂျွန်ဆင်

လူးဝစ်ဆာ ဂျွန်ဆင်ရဲ့ Forever Young သီချင်းဟာ အရေအတွက် ၃၉,၀၀၀ သာ ရောင်းချခဲ့ရပြီး X Factor ရဲ့ ပထမဆုရ အဆိုရှင်တစ်ယောက်အနေနဲ့ ပွဲဦးထွက်သီချင်းမှာ အဆိုးရွားဆုံး ရောင်းချရမှုဖြစ်ပါတယ်။

play

 

ယူကေရဲ့ သီချင်းတစ်ပုဒ်ချင်း ရောင်းချရမှုစာရင်းမှာ လူးဝစ် သီဆိုထားတဲ့ Forever Young က နံပါတ် ၉ နေရာမှာ ရှိခဲ့ပြီး X Factor ဆုရှင် တစ်ယောက်အတွက်ကတော့ အဆိုးဆုံးနေရာပါပဲ။

play

 

ဂျက်စတင်ဘီဘာရဲ့ တေးအယ်လ်ဘမ်အသစ် Purpose ရဲ့ အောင်မြင်မှုကြောင့် ဘော့ဒိုင်လန်ရဲ့ ကလပ်စစ်သီချင်း ပြန်ဆိုတေးအတွက် စိတ်ပျက်စရာ သီတင်းပတ်ဖြစ်ခဲ့ပါတယ်။

play

 

မဲအရေအတွက် ၅၃.၉ ရာခိုင်နှုန်းနဲ့ X Factor ပြိုင်ပွဲမှာ အနိုင်ရခဲ့ပေမယ့်လည်း လူးဝစ်ဆာရဲ့ သီချင်းဟာ ၃၉,၀၀၀ သာ ရောင်းချခဲ့ရတဲ့အတွက် အသက် ၁၇ အရွယ် အဆိုတော်မလေးတစ်ယောက်အတွက် အဆင်မပြေလှတဲ့ ပွဲဦးထွက်ပါပဲ။

Source & Photos : OK

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ