Entertainment: ကေတီ ပရိုက်စ်က လုပ်ချလိုက် ပြန်ပြီ

ကေတီ ပရိုက်စ်ဟာ သူမရဲ့ ၈ နှစ်အရွယ် သမီးလေးကို အလွန်အကျွံ အလှပြင်ပေးတဲ့အတွက် ရှုံ့ချခံနေရတဲ့ကြားက နောက်တစ်ပုံကို ထပ်တင်လိုက်ပါတယ်။

play

 

ပရင့်စက်လေးကို မိတ်ကပ်ထူထဲအောင် ပြင်ဆင်တဲ့ ပုံကို တင်ခဲ့တဲ့အတွက် အွန်လိုင်းပေါ်မှာ ဂယက်ရိုက်သွားပြီး ရက်အနည်းငယ် အကြာမှာပဲ ကေတီပရိုက်စ်က ပရင့်စက်ရဲ့ မိတ်ကပ်အပြည့်နဲ့ မျက်နှာပုံ တစ်ပုံကို ထပ်တင်ခဲ့တာပါ။

play

ပထမတစ်ကြိမ် တင်ခဲ့တဲ့ ပရင့်စက်လေးရဲ့ပုံ

အသက် ၃၇ နှစ်အရွယ် မော်ဒယ်ဟာ “ဒီမှာ သူထပ်လာပြီ” လို့ စာရေးကာ သူမရဲ့ သမီးလေးရဲ့ ဓာတ်ပုံကို ဒီဇင်ဘာလ ၁၉ ရက်က အင်စထရာဂရမ်မှာ တင်ခဲ့တာပါ။

ဓာတ်ပုံထဲမှာ ပရင့်စက်လေးက မိတ်ကပ်ထူထူ၊ မျက်တောင်ကော့ဆေးသုံးကာ ပါးနီနဲ့ ပန်းရောင် နှုတ်ခမ်းဆိုးဆေး ဆိုးထားတဲ့ အရုပ်မလေးနဲ့တူပါတယ်။

play

 

၇၉၈၀၀ ကျော်ရှိတဲ့ သူမရဲ့ Follower တွေထဲက တချို့ပရိသတ်ကတော့ ဒီပုံကို သဘောမကျကြဘဲ သူတို့ရဲ့ အမြင်တွေကို အသီးသီးရေးသားခဲ့ကြပါတယ်။

play

သား ဂျူနီယာနှင့်အတူ တွေ့ရတဲ့ ကေတီ

“ကလေးငယ်တစ်ယောက်ကို မိတ်ကပ်လိမ်းပေးတာ ပုံမှန်ဟုတ်ပါ့မလား။ သူ့ရဲ့အရေပြားက အခုမှ ဖွံ့ဖြိုးဆဲပဲ ရှိပါသေးတယ်။ ကလေးက ငယ်လွန်းပါသေးတယ်။ မလိုအပ်ပါဘူး” လို့ တစ်ဦးက တစ်ဦးက ပုံအောက်မှာ မှတ်ချက်ပေးထားပါတယ်။

နောက်တစ်ဦးကတော့ “ဒါက လွန်လွန်းတယ်လို့ ထင်တာ ငါတစ်ယောက်တည်းလား။ ငါ့သာဆို ကိုယ့်ရဲ့ ၈ နှစ်အရွယ် သမီးလေးကို ဘယ်တော့မှ ဒီလိုလုပ်ခွင့်ပေးမှာ မဟုတ်ဘူး” လို့  မှတ်ချက်ရေးထားပါတယ်။

Source & Photos : Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ