Entertainment: ၁၉ နှစ်သား မြန်မာလူငယ်ရဲ့ ဂရပ်ဖစ်တီ လက်ရာ

အသက် ၁၉ နှစ်အရွယ် မန္တလေးမှ လူငယ်ဂရပ်ဖစ်တီ ပညာရှင်လေး ဇွဲကိုနိုင်က ပြည်မြို့မှာ ဖွင့်လှစ်မယ့် သူငယ်ချင်းရဲ့ စားသောက်ဆိုင် နံရံတွေမှာ ဂရပ်ဖစ်တီ (နံရံပန်းချီ) လက်ရာများ ဒီဇင်ဘာ ၁၉ ရက်က ရေးဆွဲခဲ့ပါတယ်။

play
ဇွဲကိုနိုင် ရေးဆွဲထားသော ဂရပ်ဖစ်တီ လက်ရာ

 

အသက် ၁၉ နှစ်အရွယ် မန္တလေးမှ လူငယ်ဂရပ်ဖစ်တီ ပညာရှင်လေး ဇွဲကိုနိုင်က ပြည်မြို့မှာ ဖွင့်လှစ်မယ့် သူငယ်ချင်းရဲ့ စားသောက်ဆိုင် နံရံတွေမှာ ဂရပ်ဖစ်တီ လက်ရာများ ဒီဇင်ဘာ ၁၉ ရက်က ရေးဆွဲခဲ့ပါတယ်။

သူငယ်ချင်းဖြစ်သူရဲ့ စားသောက်ဆိုင် နံရံမှာ ဦးသန့်၊ ကဗျာဆရာ မောင်ချောနွယ်တို့ရဲ့ ပုံတူ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူနဲ့ လူမျိုးရေး အသားအရောင် ခွဲခြားမှု ရပ်တန့်စေဖို့ ရည်ရွယ်တဲ့ ပိုစတာပုံတို့ကို ဇွဲကိုနိုင် ဂရပ်ဖစ်တီ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

၁၉ နှစ်အရွယ် လူငယ်ဂရပ်ဖစ်တီ ဆရာဖြစ်တဲ့ ဇွဲကိုနိုင်က ဂရပ်ဖစ်တီပညာကို ပြည်မြို့ခံတွေ ပိုပြီးသိလာစေချင်တယ်လို့ ဆိုပါတယ်။

Source: 7Day Daily
Photo:  ဇော်မင်းထိုက်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ