Entertainment: ဝဿန်ရုပ်ရှင်ပွဲတော် မြို့လေးမြို့မှာ ကျင်းပမယ်

ဝဿန် ခရီးသွားရုပ်ရှင်ပွဲတော်ကို မြို့လေးမြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

play
ဝဿန်ရုပ်ရှင်ပွဲတော် မြင်ကွင်းတစ်ခု

 

လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ မန္တလေးမြို့တွင် စတင်ကျင်းပပြီး တောင်ကြီး၊ မော်လမြို့နဲ့ ဘားအံမြို့တွေမှာ ဆက်လက် ကျင်းပသွားမှာပါ။ ရုပ်ရှင်ပွဲတော်မှာ ဆုရမှတ်တမ်းဇာတ်ကားများ၊ ဇာတ်လမ်းတိုများနဲ့ အန်နီမေးရှင်း ဇာတ်ကားများကို ပြသသွားမှာ ဖြစ်ပါတယ်။

play
ဝဿန်ရုပ်ရှင်ပြိုင်ပွဲ ဆုရရှိသူများ

 

ဇာတ်ကားတစ်ကား ပြသပြီးတိုင်း ဒါရိုက်တာနဲ့ ဇာတ်ကားအကြောင်း ဆွေးနွေးတဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်။ ဝဿန်ခရီးသွားရုပ်ရှင်ပွဲ တော်ကို ဒီဇင်ဘာ ၂၈ ရက် နေ့ လယ် ၁၂ နာရီမှ ညနေ ၆ နာရီ အထိ မန္တလေးမြို့ ၈၃ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ Mega Ace မြို့ ဂုဏ်ရောင်ရုပ်ရှင်ရုံမှာ ကျင်းပမှာ ဖြစ်ပါတယ်။

play
ရန်ကုန်မြို့ရှိ ဝဇီရာရုပ်ရှင်ရုံမှာ ဝဿန်ရုပ်ရှင်ပွဲတော် ရုပ်ရှင်ဇာတ်ကားများ ပြသခဲ့စဉ်

 

ဝဿန်ခရီးသွားရုပ်ရှင်ပွဲတော်သည် ၂၀၁၂ က မန္တလေးမြို့မှာ တစ်ကြိမ် ကျင်းပခဲ့ဖူးပါတယ်။ ဝဿန်ရုပ်ရှင်ပွဲတော်ကို ၂၀၁၁ ခုနှစ်မှ စတင် ကျင်းပလာခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် ရုပ်ရှင်ပြိုင်ပွဲများ၊ ခရီးသွား ရုပ်ရှင်ပွဲတော်များ ကျင်းပလေ့ရှိပါတယ်။

Source: 7Day Daily
Photo: Wathann Film Festival

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ