Entertainment: ခန့်စည်သူရဲ့ အလှူပွဲ

အကယ်ဒမီ ခန့်စည်သူရဲ့ အလှူကို သင်္ဃန်းကျွန်းမြို့နယ်မှာ ပြုလုပ်ခဲ့တာပါ။

play

 

မိဘနှစ်ပါးကို အမှူးထားပြီး ခန့်စည်သူ မတည်ကာ အများကောင်းမှုနဲ့ လှူဒါန်းထားတဲ့ ဒါနဂုဏ်ရည် သုံးထပ်ကျောင်းဆောင်သစ် ရေစက်ချပွဲကို ဒီဇင်ဘာ ၂၀ ရက်နေ့က သင်္ဃန်းကျွန်မြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒါ့ပြင် သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ဘွဲ့တံဆိပ်တော်၊ ထိုင်းနိုင်ငံ နာရက်ဆွန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ဆပ်ကပ် ခံရတဲ့ အောင်ဆန်းဆရာတော်ကို ဂုဏ်ပြုပူဇော်ပွဲ၊ ဇိနမာရ်အောင် စေတီတော် ဘက်စုံမွမ်းမံရန်နှင့် ပညာ့ ဂုဏ်ရည်ကျောင်းဆောင် ဆောက်လုပ်ရန် အလှူငွေလည်း ပေးအပ်လှူဒါန်းခဲ့ပါသေးတယ်။

ခန့်စည်သူရဲ့ အလှူကို အနုပညာ မောင်နှမတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

 

ဓာတ်ပုံ - အိန္ဒြာကျော်ဇင်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ