Entertainment: လန်းလှချေလား ၀ါဆိုရယ်

လှပတဲ့ မျက်နှာနဲ့ ကျော့ရှင်းတဲ့ ကိုယ်ခန္ဓာက ဝါဆိုမိုးဦးရဲ့အလှကို ပြီးပြည့်စုံစေပါတယ်။

play

 

ဆွဲဆောင်မှုအား ကောင်းလွန်းလို့ ပရိသတ်အကြိုက် ဖြစ်နေတဲ့ ဝါဆိုမိုးဦးရဲ့က ဒီကနေ့ (ဒီဇင်ဘာ ၂၁)မှာ ပုံအသစ်တစ်ပုံ ထပ်မံ တင်လိုက်ပြန်ပါပြီ။

သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ "Last night photo shooting"လို့ ရေးထားတဲ့ စာသားနဲ့အတူ အားကစားဝတ်စုံနဲ့ မြင်တွေ့ရပါတယ်။ ခန္ဓာကိုယ် အပေါ်ပိုင်းကို အဖြူရောင်ဝတ်ဆင်ထားပြီး အနက်ရောင် အားကစားဘောင်းဘီတိုကို ​တွဲဖက်ဝတ်ဆင်ထားတာပါ။ ဘေးတစ်စောင်း ရပ်နေတာကြောင့် ရှိုက်ဖိုကြီးငယ် အသွယ်သွယ်က ညှို့ချက်ပြင်းပြင်း ရှိနေပါတယ်။

play

 

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ရေကူးကန်မှာ ရိုက်ထားတဲ့ အနက်ရောင် ရေကူးဝတ်စုံနဲ့ ပုံကြောင့် ဝါဆိုရဲ့ အလှမှာ ပရိသတ်တွေ ငေးမောခဲ့ရပါသေးတယ်။

ဓာတ်ပုံ - ဝါဆိုမိုးဦးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ