Entertainment: ဖရန့်လမ်းပတ် မင်္ဂလာဆောင်ပြီ

ချယ်လ်ဆီးပရိသတ်ရဲ့ အချစ်တော် ဖြစ်ခဲ့ဖူးတဲ့ လမ်းပတ်က ခြောက်နှစ်လောက် တွဲခဲ့တဲ့ ချစ်သူနဲ့ မင်္ဂလာဆောင်သွားပါပြီ။

play

 

ချယ်လ်ဆီးဘောလုံးသမားဟောင်း ဖြစ်တဲ့ လမ်းပတ်နဲ့ သူ့ရဲ့ချစ်သူ ခရစ္စတင်းတို့မင်္ဂလာဆောင်ကို ဒီဇင်ဘာ ၂၀ ရက်နေ့က လန်ဒန်ဘုရားကျောင်း တစ်ခုမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ လေးနှစ်ကြာ စောင့်ခဲ့ကြပြီးတဲ့နောက် လမ်းပတ်နဲ့ သူ့ချစ်သူတို့ ရွှေလက်တွဲခဲ့ကြပါပြီ။

play

 

လမ်းပတ်ရဲ့ မင်္ဂလာပွဲကို ဂျွန်တယ်ရီ၊ ဖိလစ်စကိုးလ်ဖီးနဲ့ ဂျေမီရက်နက်တို့ လည်း တက်ရောက်ခဲ့ကြပါတယ်။ လမ်းပတ်နဲ့ ခရစတင်းက ၂၀၀၉ ခုနှစ်မှာ စတင်တွဲခုတ်ခဲ့ကြတာ ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ စေ့စပ်ခဲ့ကြပါတယ်။ လမ်းပတ်က ချယ်လ်ဆီးထံကနေ စွန့်ခွာသွားပြီးတဲ့နောက် အခု နယူယော့ခ်စီးတီးမှာ ကစားနေတာပါ။

play

 

လမ်းပတ်တို့မှာ သမီးကလေးတစ်ဦးရှိပြီး ဇနီးဖြစ်သူ ခရစ္စတင်းက ရုပ်သံအစီအစဉ် တင်ဆက်သူ ဖြစ်ပါတယ်။

Source : mirror

Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ