Entertainment: အင်စတာဂရမ်မှာ အီရီနာ မျှဝေခဲ့တဲ့ ဘီကီနီ ဓာတ်ပုံဟောင်း

စူပါမော်ဒယ် အီရီနာ ရှိတ်ခ်က အနီရောင် ရေကူးဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံဟောင်းတစ်ပုံကို အင်စတာဂရမ်မှာ မျှဝေခဲ့ပါတယ်။

play

 

ရုရှားမော်ဒယ် အီရီနာက ၂၀၀၇ ခုနှစ်က Sports Illustrated မဂ္ဂဇင်း ဓာတ်ပုံရိုက်ကွင်းမှာ ပိုလာရိုက်ဒ် ကင်မရာဖြင့် မှတ်တမ်းတင်ထားခဲ့တဲ့ ဓာတ်ပုံကို အင်စတာဂရမ်မှာ လွှင့်တင်ခဲ့တာပါ။

play

 

အီရီနာရဲ့ အင်စတာဂရမ်မှာ ပရိသတ် ၄.၅ သန်းကျော် ရှိနေပါတယ်။ အရင်က ဘောလုံးစတား ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ အတန်ကြာ တွဲခဲ့တဲ့ အီရီနာက လက်ရှိမှာ မင်းသား ဘရတ်ဒလေ ကူးပါးနဲ့ ချစ်သူတွေ ဖြစ်နေပါတယ်။

play

 

စူပါမော်ဒယ်တစ်ဦးအဖြစ် အောင်မြင်နေတဲ့ အီရီနာဟာ နာမည်ကြီး Vogue မဂ္ဂဇင်းက ရွေးချယ်တဲ့ အလှဆုံး အမျိုးသမီးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ စပိန်အတွက် ထုတ်ဝေတဲ့ Harper's Bazaar မဂ္ဂဇင်း၊ Elle နဲ့ Glamour မဂ္ဂဇင်းတွေမှာလည်း အီရီနာကို မျက်နှာဖုံးရှင်အဖြစ် မြင်တွေ့ရပါတယ်။

play

 

၂၀၁၀ ခုနှစ်မှာ Best International Model ဆုကို အီရီနာ ရရှိခဲ့ပါတယ်။ ယခုနှစ် အောက်တိုဘာလမှာ အီရီနာကို အပြည်ပြည်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးအဖြစ် ကမ္ဘာကျော် အလှကုန် ကုမ္ပဏီကြီး L'Oréal က ခန့်အပ်ခဲ့ပါတယ်။

Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ