Entertainment: သြစတြီးယားက ရိုက်ကူးတဲ့ သီပေါစော်ဘွားအကြောင်း

သီပေါစော်ဘွား စဝ်ကြာဆိုင်နဲ့ မဟာဒေဝီ စဝ်သုစန္ဒီတို့ အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို ၂၀၁၆ အတွင်းမှာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

play

 

စစ်အာဏာသိမ်း တော်လှန်ရေး ကောင်စီ အစိုးရ လက်ထက်မှာ ဖမ်းဆီးခံရပြီး ပျောက်သွားခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက သီပေါ စော်ဘွား စ၀်ကြာဆိုင်အကြောင်းကို သြစတြီးယားနိုင်ငံက ရုပ်ရှင်အဖြစ် ရိုက်ကူး ထားပါတယ်။

play

 

အဲဒီ ရုပ်ရှင်ဟာ သီပေါ စော်ဘွားရဲ့ မဟာဒေ၀ီ အင်ဂါ ဆာဂျင့် (စောသုစန္ဒီ) ကိုယ်တိုင် ရေးသား ထုတ်ဝေတဲ့ Twilight Over Burma: My Life as a Shan Princess စာအုပ်ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

play

 

ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ သီပေါစော်ဘွား စဝ်ကြာဆိုင်အဖြစ် ထိုင်းနိုင်ငံက  ဒီဂျေ ဒါဝီရစ် ချုလာဆာပေ့၊ မင်းသမီး မဟာဒေ၀ီအဖြစ် သြစတြီးယားသရုပ်ဆောင် မာရီယာ အဲရစ် တို့က သရုပ်ဆောင်ထားပြီး နန်းတွင်းအခြွေအရံတွေနဲ့ ရှမ်းပြည်သူတွေ နေရာမှာတော့ ထိုင်းနိုင်ငံသားတွေနဲ့ ရှမ်းရွှေ့ ပြောင်းအလုပ်သမားတွေက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

play

 

play

ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသူ နန်းမွေနွမ်ဟွမ်က “ကျွန်မက နန်းတွင်း အစေအပါးအနေနဲ့ ၅ ခန်းလောက် ပါဝင်ခဲ့ရပါတယ်ရှင့်။ စော်ဘွားကြီးရဲ့ သမီးတော် ကင်ပွန်းတပ် မင်္ဂလာခန်း၊ မြန်မာစစ်တပ် ဟော်နန်းထဲ ဝင်လာတော့ ကြောက်နေရ တဲ့အခန်း၊ ပြီးတော့ နိုင်ငံခြားသူ မဟာဒေဝီက ရှမ်းစကားသိချင်တာကို ကူပြောပေးတဲ့ အခန်းတွေပါ။ တခြားအလုပ်သမားတွေလည်း ပါတယ်၊ ဒါပေမယ့် သူတို့ခေါ်တဲ့အခါ သရုပ်ဆောင် ပေးရတာကလွဲလို့ ဘာမှမသိရပါဘူး ၊ အဲဒီရုပ်ရှင်ကိုလည်း ဘယ်ချိန် ဘယ်နေရာမှာ ပြန်ကြည့်လို့ရမလဲဆိုတာတောင် မသိဘူး” လို့ သူက ပြောပါတယ်။

 

Source & Photos : Min Htin Kokogyi’s Facebook Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ