Entertainment: ပရိသတ်များရွေးချယ်ပေးသည့် သီချင်းများကို ဇော်ဝင်းထွဋ် သီဆိုသွားမည်

ပရိသတ်များရွေးချယ်ပေးသည့် သီချင်းများကို သီဆိုပေးသွားမည့်အပြင် လက်မှတ်များကို ပရိသတ်များ ကြည့်ရှုနိုင်သည့် ဈေးနှုန်းသတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

play

 

၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ ၊ (၃၁) ရက်နေ့ည  ရန်ကုန်မြို့ ၊ MCC ကွင်းပြင်၌ ကျင်းပပြုလုပ်မည့် ဂျစ်ပစီမိုးတိမ် အနှစ် (၂၀) ပြည့်အထိမ်းအမှတ် Gypsy Night ဖျော်ဖြေပွဲတွင် အဆိုတော်ဇော်ဝင်းထွဋ်မှ ပရိသတ်များရွေးချယ်ပေးသည့် သီချင်းများကို သီဆိုပေးသွားမည့်အပြင် လက်မှတ်များကို ပရိသတ်များ ကြည့်ရှုနိုင်သည့် ဈေးနှုန်းသတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

play

 

ထို့အပြင် ယခုလ (၁၇) ရက်နေ့က ပြုလုပ်ခဲ့သည့် ဂျစ်ပစီမိုးတိမ် အနှစ်(၂၀) ပြည့်အထိမ်းအမှတ် စာနယ်ဇင်းမိတ်ဆက်ပွဲတွင် ယင်းသီချင်း၏ ပိုင်ရှင် တေးရေး ဝင်းမင်းထွေးကို (၁၀)သိန်းဖြင့် ဂါရဝပြုခဲ့သည်။

play

 

အဆိုပါ ဖျော်ဖြေပွဲတွင် အင်ပါယာအဖွဲ့၏ ဖျော်ဖြေမှုအစီအစဉ်အပါအဝင် မျိုးဆက်သစ်အဖွဲ့များမှလည်း ပါဝင် ဖျော်ဖြေသွားမည်ဖြစ်သည်။

Photo: Sai Zaw, Zaw Win Htut – Emperor Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ