play

 

ထိုင်းနိုင်ငံက တုတ်တုတ် (tuk tuk) လို့ ခေါ်တဲ့ လူစီးယာဉ်ငယ်ကတော့ ကမ္ဘာကျော်သွားပါပြီ။

၂၀၁၅ ခုနှစ် မယ်စကြဝဠာပြိုင်ပွဲရဲ့ အမျိုးသားဝတ်စုံ ပြိုင်ပွဲမှာ တစ်ကမ္ဘာလုံးကို သိစေခဲ့တာပါ။ ထိုင်းနိုင်ငံရဲ့ အလှမယ်ဖြစ်တဲ့ နတ်က ထိုင်းနိုင်ငံရဲ့ အမှတ်အသားဖြစ်တဲ့ တုတ်တုတ်ပုံသဏ္ဍန် ဝတ်စုံကို အမျိုးသားဝတ်စုံအဖြစ် ဝတ်ဆင်ယှဉ်ပြိုင်ခဲ့ပြီး အဲ့ဒီဝတ်စုံက ဆုရရှိသွားတာ ဖြစ်ပါတယ်။

play

 

သူမရဲ့ ဝတ်စုံမှာတော့ အပြာရောင် တုတ်တုတ်လေးကို မီးသီးတွေ ထိုင်းအလံတွေနဲ့ အလှဆင်ထားတာ တွေ့ရပါတယ်။

play

 

နတ်ဟာ အသက် ၂၁ နှစ် ရှိပြီဖြစ်ကာ ယခုနှစ်ပြိုင်ပွဲဝင်သူတွေထဲက အလှဆုံး ၁၀ ဦး စာရင်း ဝင်ခဲ့ပါသေးတယ်။

 

Source & Photo : Bangkokpost

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video