Entertainment: အိပ်ပုတ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးများ

ဒီအိမ်မွေးတိရစ္ဆာန်လေးတွေက ယူကေမှာရှိတဲ့ အအိပ်နိုင်ဆုံးလေးတွေ ဖြစ်ပါတယ်။

play

 

(၁) ဒါကတော့ အအိပ်နိုင်ဆုံး အိမ်မွေးတိရစ္ဆာန်လေး ဟူဂိုပါ။

အသက် ၁၁ နှစ်ရှိပြီဖြစ်တဲ့ ဟူဂိုဟာ လမ်းလျှောက်ဖို့နဲ့ အစာစားဖို့သာ ထပြီး တစ်နေကုန် အိပ်နိုင်တဲ့သူ ဖြစ်ပါတယ်။

တစ်နေ့ကို နာရီ ၂၀ လောက် အိပ်နိုင်တဲ့ ခွေးလေး ဟူဂိုဟာ ယူကေရဲ့ အပျင်းဆုံးအိမ်မွေးတိရစ္ဆာန်ဆုကို တရားဝင်ပိုင်ဆိုင် ထားသူလည်း ဖြစ်ပါတယ်။

ဟူဂိုဟာ သူ့ရဲ့သခင် ချားလို့တ်နဲ့အတူ ရုံးကို လိုက်သွားလေ့ရှိပြီး ရုံးမှာလည်း သူအိပ်ပါတယ်။

play

 

(၂) အသက် ၇ လသာ ရှိသေးတဲ့ ခဲရောင်ကြောင်ကလေး ဝီလိုကတော့ ဒုတိယနေရာကို ရခဲ့သူပါ။

play

 

(၃) ဒါကတော့ တတိယနေရာရခဲ့တဲ့ "Cavalier King Charles spaniel" ခွေးအမျိုးအစားဖြစ်တဲ့ မေဘယ်ပါ။

play

 

(၄) မိုက်ဆယ်ကတော့ စတုတ္ထနေရာကို ရခဲ့ပါတယ်။

 

play

 

(၅) တက်ဘီ ကြောင်အမျိုးအစားလေး လီယိုကတော့ ၈ လာ ရှိသေးပေမဲ့ သူ့မှာ တက်ကြွတဲ့ စွမ်းအားတွေ ပါလာပုံမရပါဘူး။ အအိပ်နိုင်ဆုံး တိရစ္ဆာန်များမှာ ပဉ္စမဆုရခဲ့တဲ့ သူပါ။

play

 

(၆) ဒါကတော့ ယူကေရဲ့ ဆဋ္ဌမအအိပ်နိုင်ဆုံး အိမ်မွေးတိရစ္ဆာန်လေး ခွေးလေး ချက်ကီဖြစ်ပါတယ်။

play

 

(၇) ငါးလသားအရွယ် ရော့ဒနီလေးကလည်း ဒီနေရာကနေ တစ်လက်မတောင် ရွှေ့ပုံမပေါ်ပါဘူး။ သူလေးက သတ္တမနေရာ ချိတ်ခဲ့ပါတယ်။

play

 

(၈) အိပ်သလောက် မဝဘူးဆိုတာ ဖရန့်ခ်ကို ပြောတာထင်ပါရဲ့။ အအိပ်နိုင်ဆုံးတိရစ္ဆာန်တွေထဲမှာ အဋ္ဌမနေရာကို ရခဲ့တဲ့ ခွေးလေးဟာ ဘာတွေပဲဖြစ်နေဖြစ်နေ အိပ်ရာက မထတဲ့သူပါ။

play

 

(၉) ကြောင်လေး ဂျက်စပါ ပျင်းကြောဆန့်နေတယ်။ ဒါပေမဲ့ သူ နိုးလာပြီး လျှောက်သွားမယ် မထင်ပါနဲ့။ သူဘယ်မှ မသွားပါဘူး။ အဲဒါကြောင့်လည်း အအိပ်နိုင်ဆုံးဆုမှာ နဝမချိတ်ခဲ့တာပေါ့။

play

 

(၁၀) ရှီဇုနဲ့ ဂျက်ရက်ဆယ်လ်စပ်ထားတဲ့ခွေးလေး တက်ဒီအတွက်ကတော့ လိုအပ်တာကတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာလေး တစ်ခုသာပါပဲ။

 

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ