Entertainment: မယ်စကြစဠာသစ်အကြောင်း သိထားသင့်တာတွေ

ဖိလစ်ပိုင်အလှမယ် Pia Alonzo Wurtzbach ဟာ သူမရဲ့ ကြော့မော့တဲ့ဟန်ပန်၊ အလှနဲ့ ပါရမီကြောင့် ၂၀၁၅ ခုနှစ်ရဲ့ စကြစဠာမယ်သစ်ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားသူပါ။

play

အသက် ၂၆ နှစ် အရွယ် အလှပဂေးလေး ပီယာရဲ့အကြောင်းကို စိတ်ဝင်စားသူတွေလည်း ရှိနေမယ်လို့ ထင်ပါတယ်။ ဒါတွေကတော့ လောလောဆယ်မှာ ပီယာနဲ့ ပတ်သက်လို့ သိထားတဲ့အကြောင်းတွေပဲ ဖြစ်ပါတယ်။

play

 

(၁) ဂျာမနီမှာ မွေးဖွားခဲ့သူ

ပီယာဟာ ဖိလစ်ပိုင်နိုင်ငံမှာ ကြီးပြင်းပြီး ဖိလစ်ပိုင်သူအဖြစ် ခံယူထားပေမဲ့ သူမကို ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့ပြီး သူမရဲ့ အဖေက ဂျာမနီနိုင်ငံသား ဖြစ်ပါတယ်။

play

 

(၂) အသက် ၁၂ နှစ်ကတည်းက သရုပ်ဆောင်

ပီယာဟာ လွန်ခဲ့တဲ့ ၁၄ နှစ်က ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ ကလေး မော်ဒယ်သရုပ်ဆောင် အေဂျင်စီ Star Magic Talent နဲ့ ချိတ်ဆက် ခဲ့ပါတယ်။ သူမဟာ KZBU ဆိုတဲ့ တီဗွီရှိုးတစ်ခုမှာ သရုပ်ဆောင်ခဲ့သူပါ။

play

 

(၃) အချက်အပြုတ်လည်း ဝါသနာပါ

မော်ဒယ်၊ မင်းသမီးနဲ့ တီဗွီသရုပ်ဆောင်ဖြစ်တဲ့ ပီယာဟာ အချက်အပြုတ်ပညာရှင်ဘွဲ့ရထားသူဖြစ်ပါတယ်။

play

 

(၄) ဖိလစ်ပိုင်သမ္မတနဲ့ ချိန်းဆိုခဲ့ဖူးသူဟု သတင်းထွက်

ပီယာဟာ ၂၀၁၀ ပြည့်နှစ်ကစပြီး ဖိလစ်ပိုင်သမ္မတ ဖြစ်လာတဲ့ ဘန်နင်ဂနို အက်ကွီနိုနဲ့ အချစ်ဇာတ်လမ်းရှိဖူးတယ်လို့ ဧပြီလက သတင်းထွက်ခဲ့ပါသေးတယ်။ သူတို့နှစ်ယောက် တွဲနေကြတယ်ဆိုတဲ့ အကြောင်း သိပ်မကြားရပေမဲ့ ပီယာကတော့ ဘန်နင်ဂနို ဟာ စကားပြောလို့ အရမ်းကောင်းတယ်လို့ ပြောခဲ့ပါတယ်တဲ့။

play

 

(၅) အလှမယ်ပြိုင်ပွဲလောကထဲ ၀င်တာ (၂)နှစ်သာ ရှိသေး

ပီယာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပထမဆုံး အလှမယ် ပြိုင်ပွဲက 2013 Binibining Pilipinas ဖြစ်ပါတယ်။ ပထမဆုံး အကြိမ်မှာ ကိုပဲ သူမဟာ ဒုတိယဆုကို ရရှိခဲ့သူပါ။ သူမဟာ တကယ့်ဝါရင့်အလှမယ်တစ်ယောက်လို မယ်စကြဝဠာပြိုင်ပွဲမှာ ယှဉ်ပြိုင်ရင်း ၂၀၁၅ ရဲ့ မယ်စကြဝဠာဆုကို ရရှိသွားခဲ့ပါတယ်။

 

Source & Photos : Hollywood Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ