Entertainment: မင်္ဂလာပွဲအကြို ညမှာ ဒါရိုက်တာဝိုင်း ချပြလိုက်တဲ့ သတို့သမီး

, updated

မနက်ဖြန် ဒီဇင်ဘာ ၂၂ ရက်၊ အင်္ဂါနေ့မှာ မင်္ဂလာဆောင်တော့မယ့် ဒါရိုက်တာဝိုင်းက ဒီနေ့ (ဒီဇင်ဘာ ၂၁ ရက်) ညပိုင်းမှာ သူ့ရဲ့ သတို့သမီးပုံကို ဖေ့စ်ဘွတ်ခ်မှာ လွှင့်တင် ပြသလိုက်ပါတယ်။

play

 

ဒါရိုက်တာဝိုင်းက ဒီဇင်ဘာလ ၂၂ ရက်နေ့ဟာ သူ့ရဲ့ မွေးနေ့ဖြစ်သလို မင်္ဂလာပွဲကျင်းပမယ့် နေ့လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

လက်ထပ်စာချုပ်မှာ လက်မှတ်ရေးထိုးတဲ့နေ့က ပုံတစ်ပုံ၊ ဒီနေ့ညပိုင်းမှာ သရုပ်ဆောင် ဖွေးဖွေးနဲ့အတူ ရိုက်ထားတဲ့ ပုံတစ်ပုံနဲ့ မင်္ဂလာပွဲခန်းမ ပြင်ဆင်ထားတဲ့ ပုံနှစ်ပုံတို့ကို ဝိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ လွှင့်တင်ရင်း သတို့သမီး ဘယ်သူဆိုတာ ပြသလိုက်တာ ဖြစ်ပါတယ်။

play

 

ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ဒါရိုက်တာဝိုင်းက လက်ထပ်စာချုပ် ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်ခ်မှာ လွှင့်တင်ခဲ့ဖူးပေမဲ့ သူတို့နှစ်ဦး ပုံကိုတော့ ပြသခဲ့ခြင်း မရှိပါဘူး။

play

 

ဒီနေ့ညပိုင်းမှာတော့ သတို့သမီးနဲ့အတူ ရိုက်ထားတဲ့ ပုံတွေ တင်ခဲ့ပြီး 'မကြာမီ ... နာရီပိုင်းအတွင်းမှာ အသက်တနှစ်ကြီးတော့မယ် မကြာမီ နာရီပိုင်းအတွင်းမှာ...မင်္ဂလာပွဲ ကျင်းပတော့မယ်..' လို့ ဒါရိုက်တာဝိုင်းက စာညွန်း ရေးသားထားပါတယ်။

play

ဒါရိုက်တာဝိုင်းရဲ့ မင်္ဂလာဧည့်ခံပွဲကို ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

Source & Photo: Wyne - Owncreator Facebook page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ