Entertainment: ကမ္ဘာ့ဓာတ်ပုံ ပြိုင်ပွဲမှ ဓာတ်ပုံလက်ရာများ

၂၀၁၆ ခုနှစ် ဆိုနီ ကမ္ဘာ့ဓာတ်ပုံဆု ပြိုင်ပွဲမှာ ပေးပို့ယှဉ်ပြိုင်ထားတဲ့ ဓာတ်ပုံလက်ရာတွေ ဖြစ်ပါတယ်။

play
မြန်မာနိုင်ငံ ပုဂံမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ကိုရင်လေးတွေက ဖယောင်းတိုင်ကိုယ်စီနဲ့ ဆီမီးပူဇော်နေတဲ့ ပုံဖြစ်ပါတယ်

 

မြန်မာနိုင်ငံမှ ကိုရင်လေးများ ဆီမီးပူဇော်နေပုံ၊ ကမ္ဘာကျော် နိုင်ဂါရာ ရေတံခွန်အနီး သက်တံဖြစ်ပေါ်နေမှုကို ရိုက်ကူးထားတဲပုံ၊ မလေးရှား တောထဲမှာ ကျွဲစီးနေတဲ့ ကလေးတစ်ယောက်ပုံ စတဲ့ ဓာတ်ပုံလက်ရာတွေက အံ့မခန်းဖွယ် ကောင်းမွန်လှပါတယ်။

play
နိုင်ဂါရာ ရေတံခွန်မှာ ကမ္ဘာလှည့် ခရီးသည်တွေကို တင်ဆောင်ထားတဲ့ သင်္ဘောတစ်စီးနဲ့ သက်တံဖြစ်ပေါ်နေတဲ့ ပုံဖြစ်ပါတယ်

 

ဓာတ်ပုံပြိုင်ပွဲကို အပျော်တမ်းနဲ့ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင် ဓာတ်ပုံတွေကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

play
မြန်မာနိုင်ငံ ကျေးရွာတစ်ရွာရဲ့ လမ်းမပေါ်မှာ ရိုးရာကစားနည်း ကစားနေကြတဲ့ ကလေးငယ်တွေရဲ့ ပုံရိပ်ကို ဓာတ်ပုံဆရာ ကိုကျော်ဝင်းလှိုင်က ရိုက်ကူးထားတာ ဖြစ်ပါတယ်
play
ကွန်မန်ဒါ ကျွန်းစုအနီးမှာ မြင်တွေ့ရတဲ့ ပင်လယ်ဖျံ အကောင်ပေါက်လေးကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်
play
မလေးရှား တောထဲမှ ကျွဲစီးနေတဲ့ ကလေးတစ်ယောက် ပုံဖြစ်ပါတယ်
play
ရှဥ့်နီလေးတစ်ကောင် ရတ်စဘယ်ရီသီး စားနေတဲ့ ပုံဖြစ်ပါတယ်
play
သြစတြေးလျနိုင်ငံ မဲလ်ဘုန်း တိရစ္ဆာန်ဥယျာဉ်မှ ဂေါ်ရီလာပေါက်စလေးရဲ့ ဓာတ်ပုံ ဖြစ်ပါတယ်
play
အီရန်နိုင်ငံ မြောက်ပိုင်း ဘေးမဲ့ဧရိယာအတွင်း တွေ့ရတဲ့ ကြိုးကြာနီ ငှက်အုပ်စုတစ်စု ပုံဖြစ်ပါတယ်
play
ဟာဝိုင်ယီ ကမ်းခြေမှာ အပန်းဖြေ အနားယူနေသူတွေနဲ့ ရေဆော့ကစားနေကြသူတွေကို ဟိုတယ်တစ်ခုပေါ်မှ ရိုက်ကူးထားတဲ့ ပုံဖြစ်ပါတယ်
play
ရုရှားနိုင်ငံမှ ဓာတ်ပုံဆရာရဲ့ လက်ရာဖြစ်ပါတယ်။ Viennese Waltz အက ကနေတဲ့ စုံတွဲအချို့ ဖြစ်ပါတယ်

Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ