Entertainment: စီနီယာတွေကို ကျေးဇူးတင်တဲ့ မေဘရဏီသော်

မယ်စကြ၀ဠာ ပြိုင်ပွဲအတွက် ရှေ့မှာ အရင်ပြိုင်ဖူးခဲ့ကြတဲ့ အလှမယ်နှစ်ယောက်က ကူညီအကြံပေးကြပါတယ်။

play

 

Miss Universe 2015 ပွဲကြီးလည်း ပြီးသွားပြီဖြစ်လို့ မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်ခဲ့တဲ့ မေဘရဏီသော်က အမိမြေကို ပြန်လာပါတော့မယ်။

ပြိုင်ပွဲတစ်လျှောက် ကူညီပေးခဲ့ကြသူတွေနဲ့ ပရိတ်သတ်ကို ကျေးဇူးတင်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ ဒါ့အပြင် အတွေ့အကြုံနဲ့ အကြံဉာဏ်တွေ ပြောပြပေးတဲ့ မိုးစက်ဝိုင်နဲ့ သျှားထွဋ်အိန္ဒြာတို့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားထားပါသေးတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပြန်လာမှာဖြစ်ပြီး မြန်မာနိုင်ငံကို ၂၃ ရက်နေ့ ညနေ ၆ နာရီခွဲမှာ ပြန်လည်ရောက်ရှိမှာပါ။

ဓာတ်ပုံ - မေဘရဏီသော်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ