Entertainment: တွယ်ကပ်တာ မကြိုက်တဲ့ ဂျီဂျီ

ဂျီဂျီဟက်ဒီးဟာ သူမရဲ့ လွတ်လပ်ခွင့်ကို အရမ်းမြတ်နိုးတဲ့ မိန်းကလေးပါ။

play

 

သူမဟာ ချစ်သူသစ် ဇေးမောလစ်ခ်ကို ချစ်ချင်ချစ်မယ် ဒါပေမဲ့ ရည်းစားဟောင်း ဂျိုး ဂျိုနာ့စ်လို တွယ်ကပ်နေမယ်ဆိုရင် သူ့ကို ဂျီဂျီက ကန်ထုတ်မှာပဲလို့ ရင်းနှီးသူတစ်ဦးက ပြောခဲ့ပါတယ်။

play

 

တချို့ နာမည်ကျော်တွေက သူတို့ရဲ့ ရည်းစားတွေကို အရူးအမူးစွဲလမ်းသူတွေ၊ သဝန်တိုတတ်သူတွေ ဖြစ်ချင်ဖြစ်မယ်။ ဂျီဂျီ အတွက်ကတော့ အေးဆေးပါပဲ။ သူမက လွတ်လပ်မှုကိုသာ မြတ်နိုးတာပါ။ သူမဟာ အခု စွဲဆောင်မှု အရမ်းရှိတဲ့ ဇေးနဲ့ တွဲနေပမယ့် သူမကို အတင်းချည်နှောင်လာမယ်ဆိုရင်တော့ လက်ခံမှာ မဟုတ်ပါဘူး။

play

“ဇေးဘက်က ပိုပြီး အလေးအနက်ထားတယ်။ ဂျီဂျီကလည်း သူ့ကို တကယ်ကြိုက်တာပါ။ ဒါပေမဲ့ အရင် ရည်းစားတွေတုန်းက အရမ်း တွယ်ကပ်လွန်းတော့ ဇေးကို အဲဒီလိုအဖြစ်မျိုး မဖြစ်စေချင်တာပါ” လို့ သတင်းပေးက ပြောပါတယ်။

 

Source & Photos : Hollywood Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ