Entertainment: ကရင္ကျပား ၾသစေၾတးလ် သရုပ်ဆောင် မြန်မာပြည်ရောက်

, updated

ကရင်ဖခင်နဲ့ စကော့တလန်သူ မိခင်တို့က မွေးဖွားခဲ့သူ သြစတြေးလျ သရုပ်ဆောင် တက်စနီးမ်ရော့ခ်က မြန်မာပြည်မှာ အလည်ရောက်နေပါတယ်။

play
ရန်ကုန်မြို့ရောက် သြစတြေးလျမင်းသမီး တက်စနီးမ်ရော့ခ် (ဓာတ်ပုံ - ဇွဲဉာဏ်)

 

ပိုးကရင် ကပြား သြစကြေးလျရုပ်ရင်သရုပ်ဆောင် မင်းသမီး တက်စနီးမ်ရော့ခ်တစ်ယောက် မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတယ်လို့ သိရပါတယ်။ သူမရဲ့ ဖခင်ကြီးရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်း မြောင်းမြမြို့ကို အလည်သွားဖို့ ပြင်ဆင်ပြီး မြန်မာနိုင်ငံကို ရောက်လာခဲ့တာပါ။

play
East West 101 ဇာတ်ကားနဲ့အတူ အောင်မြင်မှုတွေ ရခဲ့သူပါ

 

ကရင်သွေး တစ်ဝက်တိတိပါဝင်တဲ့ တက်စနီးမ်ရော့ခ်ရဲ့ ဖခင်က ကရင်တိုင်းရင်းသား ဖြစ်ပါတယ်။ ကရင်တိုင်းရင်းသားဖခင် နဲ့ စကော့တလန်သူ မိခင်တို့က မွေးဖွားလာတဲ့ တက်စနီးမ်ရော့ခ်ဟာ ဆစ်ဒနေးတက္ကသိုလ်မှာ တက်ရောက်ခဲ့သူဖြစ်ပါတယ်။

play

 

သြစတြေးလျရုပ်ရှင်လောကထဲကို Hearthbreak High တီဗီစီးရီးနဲ့ ဝင်ရောက်လာခဲ့သူဖြစ်ပြီး သူမသရုပ်ဆောင်ခဲ့တဲ့ East West 101 တီဗီစီးရီးက ဆုပေါင်များစွာ ရခဲ့တာပါ။ မြန်မာပြည်က သူမရဲ့ဖခင်နဲ့ စကော့တန်လန်က သူမရဲ့ မိခင်တို့ဟာ သြစတြေးလျ ဆစ်ဒနီမှာ တွေ့ဆုံခဲ့ကြတာပါ။

Photos : tasneemroc.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ