Entertainment: ၂၀၁၅ အော်စကာပွဲက အလှဆုံး ဝတ်စုံ (၁၀) စုံ

, updated

လေဒီဂါဂါရဲ့ အလှကတော့ ရင်သပ်ရှုမောဖွယ် ဖြစ်ခဲ့ရပါတယ်။

play

 

ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ချီးမြှင့်တဲ့ အော်စကာ ဆုပေးပွဲကို နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။ အနုပညာရှင်တွေ ဖြစ်တာကြောင့်လည်း ကော်ဇောနီ လျှောက်လမ်းမှာ အလှဆုံးနဲ့ အထင်ရှားဆုံးဖြစ်အောင် အပြိုင်အဆိုင် ဝတ်ဆင်လေ့ရှိကြပါတယ်။ ၂၀၁၅ ခုနှစ် အော်စကာပွဲတက် ဖက်ရှင်တွေထဲက အလှဆုံး ၁၀ ဦးကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။

၁။ လူပီတာညွှန်း

play

 

Calvin Klein ရဲ့ အဖြူရောင်ဝတ်စုံလေးက ပုလဲတွေ စီခြယ်ထားလို့ သိပ်ကို ကျက်သရေရှိနေပါတယ်။

၂။ ဂျနီဖာလိုပက်ဇ်

play

 

နုပျိုလှပနေဆဲ ဂျေလိုက သူမရဲ့ အသားရောင်နဲ့ တစ်ထပ်တည်းကျနေတဲ့ ဝတ်စုံလေးနဲ့ပါ။ Elie Saab ဝတ်စုံ ဖြစ်ပါတယ်။

၃။ ဂွင်းနက်ပက်ထရို

play

 

Ralph & Russo ရဲ့ ဝတ်စုံဖြစ်ပြီး ပခုံးပေါ်မှာ ပန်းပွင့်သဏ္ဌာန် ရစ်ခွေထားတာကလွဲရင် ရိုးရိုးရှင်းရှင်းလေးပါပဲ။

၎။ ကိတ်ဘလန်းချက်

play

 

အနက်ရောင် Giorgio Armani Prive ဝတ်စုံက တွဲဖက်ဝတ်ဆင်ထားတဲ့ အပြာရောင် အဆင်တန်ဆာကြောင့် ပိုလှသွားတယ် ထင်ရပါတယ်။

၅။ ဒါကိုတာ ဂျွန်ဆင်

play

 

တစ်ကားဆို ဆိုသလောက် ပေါက်သွားတဲ့ Fifty Shades of Grey မင်းသမီး ဒါကိုတာ ဂျွန်ဆင်က Saint Laurent ရဲ့ အနီရောင်ဂါဝန်လေးနဲ့ ပျိုမြစ်နုနယ်မှုကို ပြသထားပါတယ်။

၆။ ရိုဆာမန်ပိုက်

play

 

နှင်းဆီခင်းကြီးကို ခြုံလွှမ်းထားသလား ထင်ရတဲ့ အနီရောင် Givenchy Haute Couture ဝတ်စုံ။

၇။ မီလာနီ ဂရစ်ဖစ်

play

 

Roland Mouret ရဲ့ အနက်ရောင်ဝတ်စုံက ပခုံးမှခြေဖျားအထိ တစ်ကိုယ်လုံးကို လွှမ်းခြုံထားပြီး သူမနဲ့တော့ တော်တော်လိုက်ဖက်တာ တွေ့ရပါတယ်။

၈။ လေဒီဂါဂါ

play

 

ခေတ်လွန် ဆန်းပြားနေတဲ့ ဝတ်စုံတွေရယ်၊ ကိုယ်ခန္ဓာ လှစ်ဟပြလွန်းတဲ့ ဝတ်စုံတွေရယ်ကို မေ့လိုက်ပါ။ ဒီတစ်ခါတော့ လေဒီဂါဂါဟာ အဖြူရောင် Azzedine Alaia ဂါဝန်ကြီးက သူမရဲ့ အလှတွေကို ဖော်ထုတ်လိုက်တာပါ။

၉။ စကားလက်ဂျိုဟန်ဆန်

play

 

ဘယ်တော့ကြည့်ကြည့် တင်းရင်းလှပနေတဲ့ စကားလက်ဟာ ဒီတစ်ကြိမ်မှာလည်း Versace ရဲ့ အစိမ်းရောင်ပုတ်ပုတ်ဒီဇိုင်းနဲ့ မမစိမ်းဖက်ရှင်ကို ထွင်လိုက်ပါတယ်။ လည်ပင်းမှာလည်း ကြီးမားတဲ့ လည်ဆွဲကို ဝတ်ဆင်ထားပြီး အစိမ်းရောင်နားဆွဲလေးနဲ့ ဆန်းသစ်နေပါတယ်။

၁၀။ ရိစ် ဝီသာစပွန်း

play

 

Tom Ford ရဲ့ အနက်ရောင် အနားကွပ် ဂါဝန်ဟာ ရိုးရိုးလေးနဲ့ကို တော်တော်လှနေခဲ့တာဖြစ်ပါတယ်။


Source : Huffingtonpost

Photo : Huffingtonpost,Latimes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ