Entertainment: ဘ၀ရဲ့ အပျော်ဆုံးနေ့ကို ပိုင်ဆိုင်ခဲ့တဲ့ ဖရန့်ခ်လမ်းပတ်

ဖရန့်ခ်လမ်းပတ်ဟာ သူရဲ့ အသစ်စက်စက်ဇနီးလေး ခရစ္စတင်းဘရိတ်ကလေကို ဘယ်လောက်ချစ်ကြောင်း ဧည့်သည်တွေကို ပြောပြခဲ့တာ တကယ့်ကို ကြည့်နူးစရာပါပဲ။

play

ဖရန့်ခ်က ခရစ္စတင်းအပေါ် ဘယ်လောက် ချစ်ကြောင်းနဲ့ ၂၀၀၈ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ သူ့ရဲ့မိခင် ပတ်ကိုလည်း အရိုအသေပေးခဲ့ကြောင်း မိတ်ဆွေတွေကို ပြောပြခဲ့ပါတယ်။

play

မင်္ဂလာပွဲပြီး နောက်တစ်နေ့ တွေ့ရတဲ့ ခရစ္စတင်း

 “ဒီနေ့က သူ့ဘဝရဲ့ အပျော်ဆုံးနေ့ဖြစ်ကြောင်းနဲ့ သူ့အမေကို မြင်စေချင်တယ်လို့ ဖရန့်ခ်က ပြောခဲ့ပါတယ်” လို့ ဧည့်သည်တစ်ယောက်က ပြောပြပါတယ်။

play

ဖရန့်ခ်နဲ့ သူ့သမီး အစ္စလာ

“သူ့အမေသာ ခရစ္စတင်းကို မြင်ရင် ချစ်မှာပဲလို့ သူက ပြောပြီး သူ့အသံက တစ်ဆို့သွားတယ်” လို့ အဲဒီလူက ပြောပြခဲ့ပါတယ်။

Source and Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ