Entertainment: ဂျက်စတင် ဘီဘာရဲ့ အယ်လ်ဘမ်သစ် ရောင်းချရမှု အချပ်ရေ တစ်သန်းပြည့်

ကနေဒါ အဆိုတော် ဂျက်စတင် ဘီဘာရဲ့ Purpose သီချင်းအယ်လ်ဘမ် ရောင်းချရမှု အချပ်ရေ တစ်သန်း ပြည့်မြောက်သွားပြီလို့ Billboard က ဆိုပါတယ်။

play

 

Purpose က ဂျက်စတင် ဘီဘာရဲ့ အချပ်ရေ တစ်သန်း ပြည့်မြောက်အောင် ရောင်းချရတဲ့ ပဉ္စမမြောက် သီချင်းအယ်လ်ဘမ် ဖြစ်လာပါတယ်။ လက်ရှိ စာရင်းတွေအရ Purpose သီချင်းအယ်လ်ဘမ် အချပ်ရေ ၁.၀၁ သန်း ရောင်းချခဲ့ပြီးပြီလို့ ဆိုပါတယ်။ ဂျက်စတင် ဘီဘာရဲ့ Purpos အယ်လ်ဘမ်က ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

play

 

ဂျက်စတင် ဘီဘာရဲ့ အရောင်းရဆုံး သီချင်း အယ်လ်ဘမ်တွေအဖြစ် ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ My World 2.0 က အချပ်ရေ ၃.၃၃ သန်း၊ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ My World က အချပ်ရေ ၂.၀၈ သန်း၊ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Believe က အချပ်ရေ ၁.၆၁ သန်းနဲ့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Mistletoe က အချပ်ရေ ၁.၅၁ သန်းဖြင့် အသီးသီး ရပ်တည်နေတယ်လို့ Billboard က ပြောပါတယ်။

play

 

ဂျက်စတင် ဘီဘာရဲ့ သီချင်းအယ်လ်ဘမ်တွေအနက် အွန်လိုင်းမှာသာ ရောင်းချခဲ့တဲ့ Journals ကတော့ တစ်သန်းပြည့်မြောက်တဲ့ စံချိန် မဝင်ခဲ့ပါဘူး။

Source: Entertainment Weekly
Photo: Justin Bieber Twitter, Entertainment Weekly
 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ