Entertainment: မယ်စကြဝဠာသစ်ကို ဂျာမနီမယ်က ဝေဖန်

အစီအစဉ်မှူး စတိဗ်ဟာလေးက အစီအစဉ်ကို လာရောက်ပြီး ကြည့်ရှုသူတွေနဲ့ တီဗွီကနေတစ်ဆင့် တိုက်ရိုက်ကြည့်ရှုနေသူ သန်းပေါင်းများစွာတို့ရဲ့ရှေ့မှာ မယ်စကြဝဠာဆုရရှိသူရဲ့ နာမည်ကို မှားအော်မိတဲ့နောက် အဲဒီပွဲဟာ ကသောင်းကနင်းနဲ့ ပြီးဆုံးသွားခဲ့ရပါတယ်။

play

ဂျာမနီမယ် ဆာရာလော်ရိန်းရစ်ခ်

အဲဒီနောက်မှာတော့ တချို့က ကိုလမ်ဘီယာမယ်ကသာ ဒီဆုကို ရသင့်တယ်လို့ ပြောဆိုလာပြီး အငြင်းပွားမှုတွေ ပြည့်နက် လာပါတယ်။

play

နာမည်မှားခေါ်ပြီးနောက် ကိုလံဘီယာမယ်အား သရဖူဆောင်းပေးနေစဉ်။

ပြိုင်ပွဲမှာ ဆုကြီးတစ်ခုမှ မရခဲ့တဲ့ ဂျာမနီမယ် ဆာရာလော်ရိန်းရစ်ခ်က ပွဲရလဒ်ကို မကျေနပ်ကြောင်း ဝန်ခံခဲ့ပါတယ်။

play

မယ်စကြ၀ဠာအသစ်က သူမဖြစ်ကြောင်း ဖိလစ်ပိုင်မယ် သိလိုက်ရစဉ်။

 “ကျွန်မ ဘယ်လိုမှမယုံနိုင်ဘူး။ အရမ်းဝမ်းနည်းတယ်။ ကျွန်မအမြင်ပြောရရင် ပြင်သစ်မယ် ဆုရသင့်တယ်” လို့ သူမက အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

play

စတိဗ်ဟာဗေးက သူမှားယွင်းသွားတဲ့အတွက် တောင်းပန်နေစဉ်။

 “ကိုလမ်ဘီယာမယ်အတွက် အရမ်းပျော်ရွှင်ခဲ့တယ်။ သူနဲ့က ထိုက်တန်တယ်လေ။ အခု ဖြစ်သွားတဲ့အခြေအနေကို ကျွန်မ တကယ်ပဲ သဘောမကျဘူး။ တခြား ပြိုင်ပွဲဝင်မိန်းကလေးတွေလည်း အတူတူပါပဲ။ ဒီလိုပြောရတာ စိတ်မကောင်းပါဘူး။ ကျွန်မတို့ထဲက ဘယ်သူမှ ဖိလစ်ပိုင်ကို မထောက်ခံခဲ့ကြဘူး” လို့ သူမက ပြောပါတယ်။

play

သရဖူကို ကိုလံဘီယာမယ်ဆီမှ ပြန်ယူပြီး ဖိလစ်ပိုင်မယ်အား ပြန်ဆောင်းပေးနေစဉ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ