Entertainment: နီကိုးလတ်စ် ကေ့ဂ်ျက ခိုးရာပါ ဒိုင်နိုဆော ဦးခေါင်းခွံကို ပြန်အပ်

ဟောလိဝုဒ်မင်းသား နီကိုးလတ်စ်ကေ့ဂ်ျက ဒေါ်လာ ၂၇၆,၀၀၀ ဖြင့် ၎င်းဝယ်ယူထားသော ခိုးရာပါ ဒိုင်နိုဆော ဦးခေါင်းခွံကို ပြန်အပ်ရန် သဘောတူခဲ့သည်။

play

 

မွန်ဂိုလီးယားကို ပြန်အပ်မည့် Tyrannosaurus bataar ဦးခေါင်းခွံကို ပြည်သူတစ်ဦးက ရယူပိုင်ဆိုင်ထားသည့်အတွက် မက်ဟန်တန်မှ အမေရိကန် ရှေ့နေရုံးက ပြီးခဲ့သည့်အပတ်က အမှုဖွင့်ခဲ့သည်။

play

 

ပိုင်ဆိုင်သူမှာ ကေ့ဂ်ျဟု အတိအကျ ပြောကြားခဲ့ခြင်း မရှိသော်လည်း မင်းသားက အဆိုပါ ဦးခေါင်းခွံကို ၂၀၀၇ ခုနှစ် မတ်လတွင် Beverly Hills ပြခန်းမှ ဝယ်ယူခဲ့ကြောင်း ကေ့ဂ်ျ၏ ပြန်ကြားရေးအရာရှိက အတည်ပြုခဲ့သည်။

play

 

နီကိုးလတ်စ်မှာ ယင်းအတွက် တရားစွဲခံရခြင်း မရှိခဲ့ပေ။ ၎င်းမှာ အခြေအနေအရပ်ရပ်ကို နားလည်ပြီးနောက် ယင်းဦးခေါင်းခွံကို ပြန်အပ်ရန် သဘောတူခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

 

Source & Photos : MSN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ