Entertainment: မယ်စကြ၀ဠာပွဲမှာ မှားယွင်းခဲ့တဲ့ စတိဗ်ဟာဗေးကို ဒုတိယ အခွင့်အရေး ပေးတာလား

၂၀၁၅ ခုနှစ် မယ်စကြဝဠာဆုကို မှားယွင်းကြေညာခဲ့တဲ့ စတိဗ်ဟာဗေးဟာ နောက်နှစ် မယ်စကြဝဠာရွေးပွဲအတွက် အစီအစဉ်မှူးထပ်လုပ်ပေးဖို့ ဖိတ်ကြားခံလိုက်ရပါတယ်။

play

 

တစ်ကမ္ဘာလုံး စောင့်ကြည့်နေခဲ့တဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ဒီပွဲကြီးမှာ စတိဗ်ဟာဘေးရဲ့ အမှားကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားရပြီး ဟာသသရုပ်ဆောင်ကြီး စတိဗ်မှာလည်း ပရိသတ်ရဲ့ ပြစ်တင်ဝေဖန်သံတွေကို အတော်လေး ခံလိုက်ရပါတယ်။

play

 

စတိဗ်ဟာဗေးကတော့ သူ့ရဲ့ အမှားကို ချက်ချင်း တောင်းပန်ခဲ့ပြီး တွစ်တာကနေ တစ်ဆင့်လည်း မယ်စကြဝဠာ နှစ်ဦးစလုံးကိုရော ပရိသတ်ကိုရော တောင်းပန်ခဲ့ပါတယ်။

play

 

အမှားအယွင်းအတွက် တာဝန်ယူ တောင်းပန်ခဲ့တဲ့ ဟာဗေးရဲ့ နှိမ့်ချတတ်တဲ့စိတ်ကို အသိအမှတ်ပြုလေသလားတော့မသိပါဘူး။ သူ့ကို ဒုတိယအခွင့်အရေးပေးဖို့ ကော်မတီအဖွဲ့က ဆုံးဖြတ်လိုက်ပုံရပါတယ်။

play

 

 “သူက အရမ်းရယ်ရတယ်။ ဗဟုသုတစုံတယ်။ လုံလအပြည့်ရှိတယ်။ သူ့ကို တကယ်ပဲ ပြန်လာစေချင်ပါတယ်။ သူ့ကိုယ်သူလည်း ပြန်အဖတ်ဆယ်ချင်မှာပါ” လို့ IMG ရဲ့ Content Officer မာ့ခ်ရှက်ပီယိုက ပြောခဲ့ပါတယ်။


Source & Photos : US Weekly

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ