Entertainment: အမ်မာရောဘတ်ရဲ့ ပေါ့ပေါ့ပါးပါး ဆောင်းတွင်းဖက်ရှင်

အယ်လ်အေမှာ သူငယ်ချင်းတွေနဲ့ မနက်စာစားဖို့ ထွက်တဲ့ အမ်မာရောဘတ်ရဲ့ ထသွားထလာ ဖက်ရှင်က ရိုးရိုးလေးနဲ့ ချစ်စရာကောင်းနေခဲ့ပါတယ်။

play

 

အသက် ၂၄ နှစ်ရှိတဲ့ မင်းသမီးလေးဟာ သူငယ်ချင်းတွေနဲ့အတူ မနက်စာစားဖို့အတွက် လော့ဆန်းဂျလိစ်ရဲ့ နာမည်ကြီး Quality Café ဆီကို လမ်းလျှောက်ထွက်လာတာပါ။

အေးမြလှတဲ့ လေထုရဲ့ ဒဏ်ကို ခံနိုင်ဖို့ အမ်မာက လည်ပင်းအပိတ် လက်ရှည် ဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားပါတယ်။

play

 

ချမ်းအေးလှတဲ့ရာသီမှာ ခေါင်းလောင်းပုံ ဂျင်းဘောင်းဘီကို ငွေရောင် ဖိနပ်ပါးလေးကို ခြေအိတ်မပါဘဲ ဝတ်ရဲတာ သူမ တော်တော်လေး သတ္တိကောင်းပါတယ်။

play

 

အမ်မာက ခြေလှမ်းသွက်သွက်နဲ့ လျှောက်လာနေတဲ့အတွက် သူမရဲ့ ရွှေရောင်ဖျော့ ဆံပင်လေးတွေက တဝဲဝဲဖြစ်နေတာ ဖက်ရှင်ကျလှပါတယ်။

ပခုံးမှာ လွယ်ထားတဲ့ လယ်သာအိတ်နက်လေးကို လမ်းလျှောက်ရင်း တစ်ချက် သူမပွေ့ပိုက်လိုက်တာကို တွေ့ရလေတော့ အအေးဒဏ်ကို ခံစားရလို့ နွေးထွေးအောင် ကြိုးစားတာလည်း ဖြစ်နိုင်ပါတယ်။

Soure & Photos : Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ