Entertainment: အရမ်းပိန်တဲ့ မော်ဒယ်တွေကို ထောင်ချတော့မယ့် ပြင်သစ်

အရမ်းပိန်လွန်းတဲ့ မော်ဒယ်တွေကို ခွင့်ပြုသင့် မပြုသင့် ပြင်သစ်မှာ အငြင်းပွားနေခဲ့တာ အတော်ကြာခဲ့ပါပြီ။

play

 

အလွန်ပိန်လွန်းတဲ့ မော်ဒယ်တွေကို ခွင့်ပြုသင့်၊ မပြုသင့် ပြင်သစ်မှာ အခြေအတင် ဆွေးနွေးခဲ့ကြပြီးတဲ့ နောက်မှာတော့ ဥပဒေသစ်တစ်ခု ထွက်လာပါပြီ။ အဲဒါကတော့ သာမန်ထက် အရမ်းကို ပိန်လွန်းတဲ့ မော်ဒယ်တွေကို ရှိုးလျှောက်တာနဲ့ ကြော်ငြာတွေ မရိုက်ဖို့ တားမြစ်လိုက်ပြီ ဖြစ်ပါတယ်။

play

 

မော်ဒယ်တစ်ယောက်ဟာ ကျန်းမာရေးနဲ့ မညီညွတ်လောက်အောင် ပိန်နေတယ်လို့ ထင်ရင် ဆရာဝန်ရဲ့  ခွင့်ပြုချက်ရမှသာ မော်ဒယ်လုပ်ငန်းကို ဆက်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီဥပဒေကို ပြီးခဲ့တဲ့ ကြာသပတေး နေ့မှာ ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။ စီးပွားဖြစ် ကြော်ငြာလုပ်ငန်းတွေ ရိုက်ကူးရာမှာလည်း အလွန်ပိန်တဲ့ မော်ဒယ်တွေကို သုံးလို့ရမှာ မဟုတ်တော့ပါဘူး။

တကယ်လို့ ဥပဒေချိုးဖောက်မိမယ်ဆိုရင် ထောင်ခြောက်လကျရုံမက အမေရိကန်ဒေါ်လာ ရှစ်သောင်းနှစ်ထောင်ကိုပါ ပေးဆောင်ရနိုင်ပါတယ်။ ပြင်သစ်မှာတော့ ဝမှာကြောက်ပြီး ဘာကိုမှမစားနိုင်ပဲ ကျန်းမာရေးနဲ့ မညီဖြစ်နေတဲ့သူ သုံးသိန်းကနေ လေးသိန်းရှိနေပါတယ်။

Source & Photos : xinhua

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ