Entertainment: လေဒီဂါဂါ ရခဲ့တဲ့ ခရစ္စမတ် လက်ဆောင်

ပေါ့စတား လေဒီဂါဂါအတွက် ခရစ္စမတ်လက်ဆောင်က စောစောစီးစီး ရောက်ရှိလာခဲ့ပါတယ်။

play

 

ဒီဇင်ဘာလ ၂၂ ရက် မနက်ခင်း လေဒီဂါဂါ နိုးထလာချိန်မှာ သူမရဲ့ Interscope ကုမ္ပဏီ စီအီးအို ဂျွန်ဂျန်နစ်ခ်နဲ့ ဒုတိယဥက္ကဌ စတိဗ်ဘားမန်းတို့ဆီက လက်ဆောင်က စောင့်ကြိုနေခဲ့ပါတယ်။

play

 

အဲဒီလက်ဆောင်ကတော့ မြည်းလေးတစ်ကောင်ပါပဲ။

လွန်ခဲ့တဲ့ ၂ နှစ်က အမေရိကန်ဂီတဆုပေးပွဲကို အဖြူရောင်မြင်းကြီးစီးပြီးေ၇ာက်လာတဲ့ ပေါ့စတား လေဒီဂါဂါအတွက် ဒီထက် ကောင်းတဲ့ လက်ဆောင်ရှိပါတော့မလား။

play

 

ပန်းရောင် ဘိုးတိုင်၊ ပန်းရောင် သိုင်းကြိုးတွေနဲ့ အလှဆင်ထားတဲ့ သူမရဲ့ တိရစ္ဆာန်သစ်လေးဟာ သူမရဲ့ အိမ်ရှေ့ တံခါးဝအထိ ရောက်ရှိလာခဲ့ပါတယ်။

ကောင်းကင်ဘုံက အဖြူရောင်နတ်သမီးလို့ ရည်ညွှန်းပြီး မြည်းလေးရဲ့ပုံကို အင်စထရာဂရမ်မှာ သူမက တင်ခဲ့ပါတယ်။

play

 

ပေါ့စတား လေဒီဂါဂါက မြည်းလေးကို စီးမယ်၊ စောင့်ရှောက်မယ်၊ အမြဲတမ်းချစ်မယ်လို့လည်း ကတိပေးခဲ့ပါတယ်။

Source & Photos : MSN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ