Entertainment: စကြဝဠာမယ် ရွေးပွဲမှာ အရှက်ကွဲခဲ့ရတဲ့ ကိုလံဘီယာမယ်ရဲ့ ရင်ကို ထိရှစေတဲ့ စကား

မယ်စကြဝဠာပွဲမှာ ဆိုးရွားလှတဲ့ မှားယွင်းမှုကြောင့် ခံစားခဲ့ရတဲ့ ကိုလံဘီယာမယ် Ariadna Gutierrez ရဲ့ ရင်ဖွင့်စကားက သူမဟာ လှပသလို အဆင့်အတန်းရှိသူဖြစ်ကြောင်း ဖော်ပြနေပါတယ်။

play

 

ဒါဟာ သူမရဲ့ ကံတရားပါလို့ပဲ သူမ ခံစားရပါတယ်တဲ့။

အသက် ၂၁ နှစ်အရွယ် ကိုလံဘီယာမယ်လေးရဲ့ ရင့်ကျက်ပြီး အဆင့်အတန်းရှိလှတဲ့ စိတ်ထားလေးပါ။ ရပြီးသား သရဖူကို ပြန်ယူခံလိုက်ရတဲ့ ခံစားချက်ကို လူတိုင်း နားလည်ကြမှာပါ။ မိန်းမလှလေးအတွက် အဆိုးရွားဆုံး အိပ်မက်ဖြစ်ခဲ့မှာ သေချာပါတယ်။

play

 

စတိဗ်ဟာဗေးက မှားယွင်းပြီး သူမကိုပေးခဲ့တဲ့ စကြဝဠာမယ်သရဖူကို ပြန်ယူခိုင်းလိုက်တဲ့အချိန်မှာ သူမ မျက်နှာ အတော်ပျက်သွားရှာပါတယ်။ သရဖူကို ဖိလစ်ပိုင်မယ်ကို ပြန်ဆောင်းပေးချိန်မှာ သူမဟာ တိတ်ဆိတ်စွာပဲ ရပ်နေခဲ့ပါတယ်။

play

 

သူမရဲ့ အပြစ်မပါတဲ့ အမှားအယွင်းတစ်ခုက သူမဘဝအတွက် ရှက်စရာအကောင်းဆုံးအချိန်ဖြစ်ခဲ့တယ်လေ။

play

 

ကိုလံဘီယာမယ်ဟာ နှစ်ရက်လောက် ငြိမ်ကျသွားပြီးတဲ့နောက် အဲဒီညက အဖြစ်အပျက်အတွက် တုံ့ပြန် စကားသံကို ပြန်လည်ပေးနိုင်ခဲ့ပါတယ်။

play

 

ဒေါသနဲ့ ဝမ်းနည်းမှုတွေအစား သူမဟာ ကျေးဇူးတင်ကြောင်းကိုသာ ပြောခဲ့ပါတယ်။

play

 

“မုန်တိုင်းပြီးရင် လေပြေလာစမြဲပဲလေ။ ကျွန်မကို အားပေးတဲ့စာတွေ ပို့ပေးကြသူတိုင်းကို ကျွန်မ ကျေးဇူးတင်ချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံထဲက မဟုတ်ဘဲ တစ်ကမ္ဘာလုံးက အားပေးစကားတွေရတဲ့အတွက် ကျွန်မက ကံအကောင်းဆုံးသူပါ။ လူတိုင်းအတွက် ကံကြမ္မာဆိုတာ ရေးထားပြီးသားပါ။ ဒါက ကျွန်မရဲ့ကံကြမ္မာပါပဲ” လို့ သူမက အင်စထရာဂရမ်မှာ ရေးခဲ့ပါတယ်။

Soure & Photos : Hollywood Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ