Entertainment: နှစ်လေးဆယ်ကျော်ကြာမှ ပြန်မြင်တွေ့ရတဲ့ အီရတ်အလှမယ်

, updated

ကမ္ဘာမှာ နှစ်ပေါင်း ၄၀ ကျော်ကြာ မြင်တွေ့ခွင့် မရခဲ့တဲ့ အီရတ် အလှမယ်တစ်ဦး ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

play

 

၁၉၇၂ ခုနှစ်ကတည်းက အီရတ်မှာ အလှမယ်ပြိုင်ပွဲ ကျင်းပခဲ့ခြင်း မရှိပါဘူး။ ဒီနှစ်မှာတော့ အီရတ်အလှမယ် ပြိုင်ပွဲကို ပြန်လည် ကျင်းပခဲ့ပါတယ်။

play

 

ပြိုင်ပွဲမှာ အီရတ်အလှမယ် သရဖူကို ဆွတ်ခူးနိုင်ခဲ့သူကတော့ အသက် ၂၀ အရွယ် ကာကွတ်ခ်မြို့သူလေး ရှေမကွတ်စ်ဆမ် ဖြစ်ပါတယ်။ အီရတ်အလှမယ် ပြိုင်ပွဲကို ဘဂ္ဂဒက်မြို့တော်မှာ ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တာပါ။

play

 

အီရတ်အလှမယ် ဖြစ်လာတဲ့ ကွတ်စ်ဆမ်ဟာ အလှမယ်ပြိုင်ပွဲနဲ့ ပတ်သက်ပြီး IS အဖွဲ့ရဲ့ ခြိမ်းခြောက်မှု ခံခဲ့ရပါသေးတယ်။ အလှမယ်ပြိုင်ပွဲဝင်တဲ့ သူမကို IS အဖွဲ့က ဖုန်းဆက်ပြီး ခြိမ်းခြောက်ခဲ့တာပါ။

play

သူမကို IS အဖွဲ့ထဲဝင်ဖို့ ပြောဆိုပြီး မဝင်ခဲ့ရင် ပြန်ပေးဆွဲမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ IS အဖွဲ့က ဖုန်းဆက်ပြီး ခြိမ်းခြောက်ခဲ့တဲ့အတွက် စိတ်သောက ရောက်ခဲ့ရပေမဲ့ ဒီ ခြိမ်းခြောက်မှုက သူမကို မတားဆီးနိုင်ခဲ့ပါဘူး။

play

 

သူမရဲ့ ခိုင်မာရဲရင့်တဲ့ စိတ်ဓာတ်ကြောင့်ပဲ နှစ်ပေါင်း ၄၃ နှစ်အကြာမှ အီရတ်အလှမယ်တစ်ဦးကို ကမ္ဘာက ပြန်မြင်တွေ့နိုင်ခဲ့ပြီ ဖြစ်ပါတယ်။


Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ