Entertainment: မေဘရဏီသော် ပြန်ရောက်ပြီ

မယ်စကြဝဠာ ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်မှာ ဝင်ပြိုင်ခဲ့တဲ့ အလှမယ်တွေက အတွေ့အကြုံတွေ မျှဝေခဲ့လို့ ခုလိုမျိုး အကောင်းဆုံးကြိုးစားနိုင်ခဲ့တာဖြစ်ပြီး နောင် ယှဉ်ပြိုင်မယ့် အလှမယ်ကိုလည်း မေဘရဏီသော်က သူမရဲ့ အတွေ့အကြုံတွေ မျှဝေသွားဦးမှာပါ။

play

 

အမေရိကန်နိုင်ငံ၊ လတ်စ်ဗီးဂတ်စ်မှာ ပြုလုပ်ခဲ့တဲ့ Miss Universe 2015 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မေဘရဏီသော် ဟာ ဒီဇင်ဘာ ၂၃ ရက်နေ့ညက အမိမြေကို ပြန်ရောက်ခဲ့ပါတယ်။

ရန်ကုန် လေဆိပ်ကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ကို သူမရဲ့ မိသားစုအပြင် ပရိသတ်တွေနဲ့ အလှမယ်တွေ လည်း လာရောက်ကြိုဆိုကြပါတယ်။

play

 

ယခုနှစ် Miss Universe ပွဲမှာ ပျော်စရာတွေနဲ့ မယုံကြည်နိုင်စရာအဖြစ်အပျက်တွေ ကြုံခဲ့ရတယ်လို့ မေဘရဏီသော် က ပြောပါတယ်။ ဆုရသူကို မှားယွင်းကြေညာခဲ့ခြင်းအပေါ်မှာလည်း အံ့သြခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲ့ဒီညက ဆုရသွားတဲ့ ဖိလစ်ပိုင် အလှမယ်အတွက်ရော မှားယွင်းကြေညာခံရတဲ့ ကိုလံဘီယာအလှမယ်အတွက်ပါ နာကျင်စရာကောင်းတဲ့ည ဖြစ်မှာပါလို့ မေဘရဏီသော်က မှတ်ချက်ပေးပါတယ်။

သူမအနေနဲ့ စင်ပေါ်မှာ ချော်လဲခဲ့လို့ နိုင်ငံအတွက် ဂုဏ်ယူစရာကောင်းတဲ့အလှမယ် မဖြစ်ခဲ့ဘူးလို့ ယူဆပြီး အများကြီး ဝမ်းနည်းခဲ့ရပေမယ့် အကောင်းဆုံးကြိုးစားခဲ့တယ်လို့ မြင်ပေးပြီး ချစ်ခင်ပေးတဲ့ ပရိသတ်တွေကြောင့် ပျော်ရွှင်ရပါတယ် လို့လည်း ပြောပါတယ်။

Photo : 7 Day

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ