Entertainment: ဒေါ်လာ ၁ သန်းနဲ့ အပြာကား ရိုက်ဖို့ ကိုလံဘီယာမယ် ကမ်းလှမ်းခံရ

ကိုလံဘီယာမယ် အရီရာနာ ဂူတီရာရက်ဇ်ဟာ မယ်စကြဝဠာအဖြစ် ကြေညာခံရပြီးမှ မှားယွင်းသွားပါတယ်ဆိုပြီး သရဖူပြန်သိမ်းခံလိုက်ရတဲ့ ဖြစ်ရပ်ဆိုး ဖြစ်ပွားပြီးတဲ့နောက်မှာ သူမကို ဒေါ်လာ တစ်သန်းနဲ့ အပြာကားရိုက်ဖို့ ကမ်းလှမ်းခံရပါတယ်။

play

 

အသက် ၂၁ နှစ်အရွယ် အရီရာနာဟာ ၂၀၁၅ မယ်စကြဝဠာသရဖူကို ဆုံးရှုံးခဲ့ရပေမဲ့ သူမအတွက် ကမ်းလှမ်းမှုတွေက မြင့်မားလှပါတယ်။

play

 

အပြာကားဘုရင် စတိဗ်ဟာ့ရှ်က သူမဆီကို စာပို့ခဲ့တာဖြစ်ပြီး အဲဒီစာထဲမှာ သူမကို စိတ်ဝင်စားအောင် အခြားနာမည်ကြီး အလှမယ်တစ်ယောက်အကြောင်းကို ထည့်ပြောထားပါသေးတယ်။

play

 

အမေရိကန်မင်းသမီး ဗန်နက်ဆာ ဝီလ်ဆင်ဟာ ကိုယ်လုံးတီးဓာတ်ပုံတွေကြောင့်သာ အခုထိ ကျော်ကြားနေတာလို့ စာထဲမှာ ရေးသားထားပါတယ်။ အပြာကားတွေ ရိုက်ပြီး နာမည်ကျော်သွားသူ ဘယ်နှစ်ယောက်ရှိကြောင်းလည်း သူက ရေးထားပါသေးတယ်။

play

 

ဒေါ်လာတစ်သန်းဆိုတာ နည်းနည်းနောနာ ငွေမဟုတ်ပါဘူး။ Vivid Entertainment ရဲ့ အဲဒီကမ်းလှမ်းချက်ကို ကိုလံဘီယာမယ် လက်ခံမှာလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

play

 

အရီရာနာဟာ သရဖူကို လက်လွှတ်ခဲ့ရပေမဲ့လည်း တကယ်လို့သာ မယ်စကြဝဠာဆုကို ရရှိခဲ့ပြီးမှ အပြာကားရိုက်ဖို့ သဘောတူ ခဲ့မယ်ဆိုရင် အဲဒီဆုကို လက်လွှတ်ရမှာပါပဲ။


Source & Photos : Hollywood Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ