Entertainment: မက်ဒေါနားနဲ့ မနေချင်တဲ့ မက်ဒေါနားရဲ့သား

မက်ဒေါနားရဲ့ သား ရော့ကိုက အင်္ဂလန်မှာပဲ အဖေနဲ့အတူ နေချင်တယ်လို့ ပြောခဲ့ပြီးနောက် သားကို ပြန်ပို့ဖို့ ခင်ပွန်းဟောင်း ဂိုင်းရစ်ချီကို မက်ဒေါနားက တရားရုံးက ဖိအားပေးခဲ့ပါတယ်။

play

 

မက်ဒေါနားနဲ့ ဂိုင်းရစ်ချီတို့ရဲ့ ဆယ်ကျော်သက်အရွယ် သားနှစ်ယောက်ထဲက တစ်ယောက်က လန်ဒန်ကနေ အမေရှိတဲ့ အမေရိကကို မပြန်ချင်ဘူးလို့ ငြင်းဆိုခဲ့တဲ့အတွက် သူတို့နှစ်ယောက် တရားရင်ဆိုင်ရပါဦးမယ်။

play
ရော့ကိုရဲ့ ငယ်စဉ်ကပုံနှင့် ယခုပုံ၊

မက်ဒေါနားဟာ ဒီဇင်ဘာလ ၂၃ ရက် မနက်ခင်းမှာ မက်ဟက်တန် တရားရုံးချုပ်ကို သွားပြီး သူ့သားက အဖေဖြစ်သူ ရုပ်ရှင်ဒါရိုက်တာနဲ့ ယူကေမှာပဲ နေလိုတဲ့အကြောင်း တရားသူကြီးတစ်ဦးထံ သွားရောက် သတင်းပို့ခဲ့ပါတယ်။

play
ရော့ကို ငယ်စဉ်က မိဘနှစ်ပါးနှင့်အတူ။

ယခု ကမ္ဘာလှည့် ဖျော်ဖြေပွဲ လုပ်နေတဲ့ အသက် ၅၇ နှစ်အရွယ် ပေါ့ဘုရင်မကြီး မက်ဒေါနားက သူ့သား ရော့ကိုကို နယူးယော့ခ်ကို ပြန်ပို့ပေးဖို့ သူမရဲ့ ခင်ပွန်းဟောင်းကို ဖိအားပေးရန် တရားသူကြီး ဒီဘိုရာ ကက်ပ်လန် ကို တောင်းဆိုခဲ့ပါတယ်။

play
ရော့ကိုအား ဖခင်၊ မိထွေးနှင့် ညီဖြစ်သူ ဒေးဗစ် တို့နှင့်အတူ တွေ့ရစဉ်။

 

အသက် ၁၅ နှစ်အရွယ် ရော့ကိုက နယူးယော့ခ်ကို မပြန်လိုကြောင်း သေချာရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောကြားခဲ့တယ်လို့ မစ္စတာရစ်ချီရဲ့ ရှေ့နေက ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

play

 

ရော့ကို ရစ်ချီက ဘယ်သူ့ဆီမှာ နေချင်ကြောင်း မဆုံးဖြတ်မီ နယူးယော့ခ်ကို ပြန်ပြီး အမေဖြစ်သူနဲ့ စကားပြောရမယ်လို့ တရားသူကြီး ကက်ပ်လန်က ဆုံးဖြတ်လိုက်ပါတယ်။

Source & Photos : Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ