Entertainment: ကံထူး မထူး

မိန်းမ မရသေးဘဲ နှစ်ထပ်ကွမ်း မုဆိုးဖိုဖြစ်သွားရတဲ့ လူပျိုကြီး ကံထူးနဲ့ ထူးထူးဆိုတဲ့ ဆရာမလေးတို့ တကယ်ပဲ ဖူးစာဆုံမလားဆိုတာ ဒီဇာတ်ကားလေးမှာ ကြည့်နိုင်ပါတယ်။

play

 

ကံထူးက လူပျိုကြီးပါ။ လူပျိုကြီးကံထူးကို သူ့အမေက မိန်းမ ပေးစားချင်နေပါတယ်။ ဒါပေမဲ့ ကံထူးမှာ ချစ်သူလည်း မရှိတာကြောင့် သူ့အမေ သဘောတူတဲ့ မိန်းမနဲ့ ယူမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကံထူးအမေက သူ့သားကို မိန်းမပေးစားဖို့ ရွာထဲမှာရှိတဲ့ သမီးရှင်တွေကို လိုက်ပြီး ကမ်းလှမ်းပါတယ်။

ချမ်းသာတဲ့ မိသားစုဖြစ်တာကြောင့် သမီးရှင်တွေက လိုလားပေမဲ့ ကံထူးရဲ့အမေက ချွေးမကို တော်တော်လေး စစ်စစ်ပေါက်ပေါက် ရွေးပြီးမှ အဆင်ပြေတဲ့မိန်းကလေးကို ရှာတွေ့ခဲ့တာပါ။ လက်ထပ်ပွဲကျင်းပတဲ့နေ့မှာတော့ သတို့သမီးလောင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားလို့ ကံထူးခမျာ မိန်းမ မယူရသေးဘဲ မုဆိုးဘဝ ရောက်ခဲ့ရပါတယ်။ နောက်တစ်ကြိမ်မှာလည်း အလားတူအဖြစ်မျိး ထပ်ကြုံရလို့ ကံထူးက နှစ်ထပ်ကွမ်း မုဆိုးဖို ဖြစ်သွားရပါတယ်။

အဲ့ဒီကစလို့ ကံထူးဆိုရင် သမီးရှင်တွေက ရှောင်ကြတော့တာပါပဲ။ ရွာကို ပြောင်းလာတဲ့ ကျောင်းဆရာမလေး ထူးထူးကို တွေ့ပြန်တော့ ကံထူးရဲ့အမေက သူ့သားအတွက် ထပ်ပြီး ကြိုးစားပြန်ပါတယ်။

ဆရာမလေး ထူးထူးတစ်ယောက် ကံထူးနဲ့ မင်္ဂလာဆောင်ရင် ဘာဆက်ဖြစ်ဦးမလဲဆိုတာ ကံထူး မထူး ဇာတ်ကားထဲမှာ ကြည့်နိုင်ပါတယ်။ ကံထူးအဖြစ် လူမင်း၊ ထူးထူးအဖြစ် ယုသန္တာတင်က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ထားထက်ထက်ကလည်း ပါဝင်အားဖြည့်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ