Entertainment: အင်တာနက်ပေါ်က ပုတ်ခတ်သူတွေကို စိုးမြတ်နန္ဒာ တရားစွဲတော့မယ်

စိုးမြတ်နန္ဒာရဲ့ ရှေ့နေဖြစ်သူ ဦးနေလက အဲ့ဒီကြေညာချက်ကို သတင်းစာမှာ ထည့်သွင်းကြေညာလိုက်တာပါ။

play

 

သရုပ်ဆောင် စိုးမြတ်နန္ဒာအား လူမှုကွန်ရက်များပေါ်မှာ ပုတ်ခတ်စော်ကားနေသူတွေကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အရ တရားစွဲတော့မယ်လို့ ကြေညာချက် ထုတ်လိုက်ပါတယ်။

သတင်းစာမှာ ဖော်ပြထားချက်အရ အင်တာနက်၊ ဖေ့စ်ဘွတ်၊ မက်ဆေ့ခ်ျ နဲ့ အီးမေးလ်တွေကို အသုံးပြုပြီး စိုးမြတ်နန္ဒာ အသရေပျက်စေရန် ကွန်မန့်ပေးခြင်း၊ မျှဝေခြင်းများနဲ့ စိတ်အနှောင့်အယှက်ဖြစ်စေရန် တစ်ဖက်သတ် ရေးသားနေသည်မှာ နှစ်ချီ၍ ကြာမြင့်နေပြီဖြစ်တယ်လို့ ရေးသားထားပါတယ်။ စိုးမြတ်နန္ဒာအနေနဲ့ သူမရဲ့ အနုပညာအလုပ်နဲ့ ပရိသတ်တွေ အနှောင့်အယှက် မဖြစ်အောင် နှုတ်တုံ့ပြန်ခြင်းမပြုခဲ့ဘဲနေခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ပြန်လည်မတုံ့ပြန်ရင် ပိုမိုဆိုးရွားလာနိုင်လို့ ဥပဒေပညာရှင်နဲ့ တိုင်ပင်လိုက်ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

play

 

အမည်ရင်းနဲ့ဖြစ်စေ အမည်ဝှက်နဲ့ဖြစ်စေ အသုံးပြုပြီး စော်ကားနေသူတွေရဲ့ နေရပ်လိပ်စာကိုပါ စုံစမ်းထားတဲ့အပြင် ခိုင်လုံတိကျတဲ့ အထောက်အထားတွေလည်း သိမ်းဆည်းထားပြီလို့ တည်ဆဲဥပဒေအရ တရားစွဲတော့မယ်လို့ သိရပါတယ်။

Photo : စိုးမြတ်နန္ဒာဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ