Entertainment: လူပြော များနေတဲ့ ဝတ်စုံအပေါ် ဝတ်မှုံရွှေရည်ရဲ့ တုံ့ပြန်ချက်

တိုင်းပြည်က အခြေခံလိုအပ်ချက်တွေကို လုံးပန်းနေရလို့ ဖက်ရှင်အပေါ် အမြင်မကျယ်ကြသေးဘူးလို့ ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်က မှတ်ချက်ပေးပါတယ်။

play

 

ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပြုလုပ်တဲ့ ဒါရိုက်တာဝိုင်းရဲ့ မင်္ဂလာဧည့်ခံပွဲကို တက်ရောက်လာတဲ့ ဝတ်မှုံရွှေရည်ရဲ့ အင်္ကျီကြောင့် လူပြောသူပြော များသွားခဲ့ရပါတယ်။ ဝတ်မှုံရွှေရည် ဝတ်ဆင်ထားတဲ့ အစိမ်းရောင် အင်္ကျီက အတွင်းခံဝတ်မထားတဲ့ပုံစံ ဖြစ်နေခဲ့လို့ပါပဲ။

play
မိုးကုတ်ပေါက်ပေါက်ရဲ့ ရှင်းလင်းချက်

 

ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်ကတော့ ပိုးအစစ်ကိုချုပ်တဲ့အခါ လေးလွှာလောက်ချုပ်ရပြီး အတွင်းကခံထားတဲ့ ချုပ်ရိုးမှာ နင်းချုပ်ထားတဲ့ ထိပ်ဖျားကို လိုရာဆွဲတွေးပြီး ရေးနေကြတာလို့ ဖြေရှင်းပေးထားပါတယ်။ တိုင်းပြည်က စားဝတ်နေရေး၊ ကျန်းမာရေး စတဲ့ အခြေခံ လိုအပ်ချက်တွေအတွက် လုံးပန်းနေကြဆဲကာလဖြစ်လို့ ဖက်ရှင်လို ဇိမ်ခံပစ္စည်းတွေအပေါ်မှာ ခံစားလေ့လာ သိရှိနားလည်မှု၊ သဘောပေါက် အမြင်ကျယ်မှု မရှိကြသေးဘူးလို့လည်း မိုးကုတ်ပေါက်ပေါက်ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

play
ဖေ့စ်ဘွတ်ပေါ်က ဝတ်မှုံရွှေရည်ရဲ့ တုံ့ပြန်ချက်

 

မိုးကုတ်ပေါက်ပေါက်ရဲ့ ရေးသားရှင်းလင်းချက်ကို ဝတ်မှုံရွှေရည်က ပြန်လည်မျှဝေခဲ့ပြီး နှမချင်း မစာနာ၊ သားသမီးချင်း ကိုယ်ချင်းမစာဘဲ ဖေ့စ်ဘွတ်ကို ဘဝကြီးထင်ပြီး ပိုးစိုးပက်စက် ဝေဖန်ဆဲဆိုနေသူတွေ သိစေဖို့ Share ပေးလိုက်တယ်လို့လည်း တုံ့ပြန်လိုက်ပါတယ်။

Source & Photo : ဝတ်မှုံရွှေရည်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ