Entertainment: ကင်မရွန်း ဒိုင်းယက် ပြောတဲ့ ပျော်ရွှင်မှုရဲ့ အဓိပ္ပါယ်

ကျော်ကြားတယ်ဆိုတာ သူ့အလုပ်က ရလာတဲ့ အပို ထုတ်ကုန်တစ်ခုသာ ဖြစ်ပါတယ်တဲ့။

play

 

Human ဆိုတဲ့ ဇာတ်ကားနဲ့ ဆက်စပ်ပြီး ဘဝရဲ့ပျော်ရွှင်မှုအပေါ် သူ့ရဲ့အယူအဆကို ကင်မရွန်းဒိုင်းယက်က ပြောခဲ့ပါတယ်။ ပျော်ရွှင်မှု၊ချစ်ခင်မှု၊မုန်းတီးမှုနဲ့ စတဲ့ စိတ်ခံစားချက်တွေကို ရင်ဆိုင်ပြီး လူသားဟာ ဘယ်လိုဖြစ်တည်နေလဲဆိုတာကို  ဒီဇာတ်ကားမှာ လူပေါင်းများစွာကို အင်တာဗျူးထားတာ ဖြစ်ပါတယ်။

play

 

အောင်မြင်မှုဆိုတာ အခြားလူတွေဆီကလာတဲ့ လေးစားအားကျမှုတွေ မဟုတ်ဘူးလို့ မင်းသမီးက ပြောပါတယ်။ ပျော်ရွှင်မှုဆိုတာ ကိုယ့်အတွင်းမှာသာ ရှိတာဖြစ်ပြီး ကိုယ့်ကိုကိုယ် မညာဖို့ လိုတယ်လို့လည်း မင်းသမီးက ဆိုပါတယ်။ 

play

 

စတားတစ်ဦးအဖြစ် သူမ ကျော်ကြားနေတယ်ဆိုတာ သူမအလုပ်က အပိုရလာတဲ့ ထုတ်ကုန်တစ်ခုသာဖြစ်ပြီး ဒါဟာ ပျော်ရွှင်မှုကို ရမယ့်လမ်း မဟုတ်ဘူးလို့လည်း ကင်မရွန်းက ပြောခဲ့ပါတယ်။

Photos & Sources: Huffignton

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ