Entertainment: သားကို အရှက်ရစေခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း

, updated

ဒေးဗစ်ဘက်ခမ်းက သူ့ရဲ့အကြီးဆုံးသား ဘရွတ်ကလင်းကို လူသိရှင်ကြား စနောက်ရတာကို သဘောကျသူပါ။

play

 

အခုနောက်ဆုံး စနောက်လိုက်တဲ့ပုံစံကတော့ ဘရွတ်ကလင်းရဲ့ ခရစ္စမတ် ဓာတ်ပုံနဲ့ပဲ ဖြစ်ပါတယ်။

ဘရွတ်ကလင်းရဲ့ အင်စတာဂရမ်မှာ အဖြူအမည်းဓာတ်ပုံတွေ ပြည့်နေပေမယ့် ဒေးဗစ်ရဲ့ စာမျက်နှာမှာတော့ ဘရွတ်ကလင်း တင်နေကျပုံတွေနဲ့ အတော်လေး ကွဲပြားလှပါတယ်။

play

 

နတ်သူငယ်တစ်ပါးလို ဝတ်ဆင်ထားတဲ့ လူနားမှာ ထိုင်ရတာ ဘရွတ်ကလင်းက တော်တော်လေး စိတ်မသက်မသာ ဖြစ်နေပုံပါပဲ။ အဲဒီတော့လည်း သားကို စနောက်ရတာကိုမှ ကြိုက်တဲ့ နာမည်ကျော် ဖေဖေက Follower ၁၇.၃ သန်းရှိတဲ့ သူ့ရဲ့ အင်စတာဂရမ်မှာ တင်တော့တာပေါ့။

 “ဘရွတ်ကလင်းကြည့်ရတာ အေးနေပုံပဲ။ ဆောရီးပဲ။ ဒီပုံကို တင်မှဖြစ်မှာမို့ပါ။ ချစ်တယ် သားကြီးရေ” လို့ ပုံရဲ့ဘေးမှာ ဒေးဗစ်က စာရေးထားပါသေးတယ်။

ဒေးဗစ်ဘက်ခမ်းက သားကို အရှက်ရအောင် ကြိုးစားတာ ဒါ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။

play

ဧပြီလတုန်းက ဘရွတ်ကလင်းက ဆယ်ဖီပုံတစ်ပုံတင်ခဲ့ပြီး “ရှေးဟောင်းဖက်ရှင် Ralph Laurenနဲ့” လို့ ရေးသားပြီး တင်ခဲ့ပါတယ်။

ဒါပေမဲ့ ဘောလုံးသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းက “အဲဒါ ကျွန်တော့်ရဲ့ အင်္ကျီ” လို့ မှတ်ချက်ပေးပြီး သားကို အရှက်ရအောင် လုပ်ခဲ့ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ