AD
AD
AD
play

 

ဒီနေ့မနက်ခင်းမှာပဲ ရန်ကုန်ကလေးဆေးရုံကြီးရဲ့ သွေးကင်ဆာဌာနမှာ ဆေးကုသနေရတဲ့ ကင်ဆာရောဂါသည် ကလေးတွေအတွက် ဝိုင်းစုက အရုပ်နဲ့ ခေါင်းအုံးတွေကို သွားရောက် လှူဒါန်းခဲ့ပါတယ်။

play

 

“ ဒီမနက်ပိုင်း ဝိုင်းစုရဲ့မွေးနေ့လေးမှာ ဟယ်ပင် ကလေးဆေးရုံမှာရှိတဲ့ ကင်ဆာဝေဒနာ ခံစားနေရတဲ့ ကလေးလေး တွေအတွက် အရုပ်နဲ့ခေါင်းအုံးလေးတွေ လှူဒါန်းခဲ့ပါတယ်။ ကလေးငယ်လေးတွေကိုကြည့်ပြီး အရမ်းခံစားခဲ့ရသလို သူတို့အရုပ်လေးတွေရလို့ ပျော်ကြတာကို တွေ့ရလို့လဲ ပီတိဖြစ်ရပါတယ်” လို့ ဝိုင်းစုက ရေးသားရင်း ဓာတ်ပုံတွေနဲ့အတူ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။

play

 

နောက်ထပ် ဖေ့စ်ဘွတ်ပို့စ်တစ်ခုမှာလည်း “ဟယ်ပင်ကလေးဆေးရုံက ကလေးတွေကို အရုပ်လှူခဲ့တယ်။ အရမ်းစိတ်မကောင်းဖြစ်ခဲ့ပြီး မျက်ရည်တောင်ကျခဲ့မိပါတယ်။ အရွယ်နဲ့ မလိုက်အောင်ခံစားနေရတဲ့ ကလေးတွေကို ကြည့်ပြီး စိတ်မကောင်းတော်တော် ဖြစ်ခဲ့ရပါတယ်။ နောက်ထပ်လည်း ကလေးတွေအတွက် အလှူထပ်လုပ်တိုင်း ပါဝင်လှူဒါန်းပါအုံးမယ်။ တတ်နိုင်သလောက် ကလေးတွေကို တစ်ဖက်တစ်လမ်းက ကူညီစောင့်ရှောက် ပေးကြရအောင်နော်” လို့ ဝိုင်းစုက ရေးသားခဲ့ပြန်ပါတယ်။

play

 

အဆင်းရော အချင်းရောလှတဲ့ ဝိုင်းစုတစ်ယောက် အသက် ၂၉ နှစ်ပြည့် မွေးနေ့မှာသည် နောင်နှစ်ပေါင်းတစ်ရာတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေလို့ Duwun က ဆုတောင်းပေးလိုက်ပါတယ်။

play

 

Soure & Photos : Winesu Khaing Thein’s Facebook Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD