Entertainment: အသက်ကြီး လာပြီ ဆိုတာကို ကျေကျေနပ်နပ် လက်ခံထားတဲ့ ဘရစ်တနီ

ဘရစ်တနီစပီးယားဟာ ဒီကမ္ဘာပေါ်မှာ လက်တွေ့အဆန်ဆုံး ပေါ့ပ်အဆိုကျော်တစ်ယောက်ပါပဲ။

play

 

အသက်ကြီးပြီလို့ မဆိုနိုင်သေးတဲ့ အသက် ၃၄ နှစ်အရွယ်မှာ သူမဟာ အနည်းငယ် ရင့်ကျက်မှုရှိနေပြီဆိုတာကို တွေ့ရ ပါတယ်။

play

 

မျက်မှန်တပ်ထားတဲ့ သူမရဲ့မျက်နှာနဲ့အတူ ချစ်စရာကောင်းတဲ့ စာတစ်ခုကို အင်စတဂရမ်မှာ မျှဝေခဲ့ပါတယ်။

“အသက်ကြီးလာပြီ။ မျက်မှန်လိုနေပြီ” လို့ ရေးသားထားတာပါ။

play
သားနှစ်ယောက်၊ အစ်ကို၊ အစ်ကိုရဲ့သမီးတို့နှင့် ဘရစ်တနီ

 

သူမရဲ့ မွေးနေ့ကို မိသားစုနဲ့ သူငယ်ချင်းများက သူမအံ့သြသွားအောင် ကျင်းပပေးခဲ့ပြီးတဲ့နောက် သုံးပတ်အကြာမှာ ဒီပုံကို တင်ခဲ့တာပါ။

play

 

တကယ်တော့ ဘရစ်တနေက သူမ သီချင်းစတင်သီဆိုစအချိန် ၁၉၉၈ ခုနှစ်ကအတိုင်း လှပနေဆဲပါပဲ။

Source & Photos : MSN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ