Entertainment: ရည်းစားမရှိလို့ ရည်းစားဦးအတွက် ခက်ခဲခဲ့တဲ့ အလင်းရောင်

ရည်းစားမထားဖူးတဲ့ အလင်းရောင်အတွက် ချစ်ကြိုက်ခန်းတွေနဲ့ ရည်းစားဦးဟာ အတော်ခက်ခဲခဲ့ပုံပါ။

play

 

လက်ရှိ ရုံတင်ပြသနေတဲ့ ရည်းစားဦး ဇာတ်ကားဟာ အလင်းရောင်ရဲ့ ပထဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားမှာ အလင်းရောင်နဲ့အတူ အားဝေနဲ့ သင်ဇာနွယ်ဝင်းတို့ကလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။

play

 

အလင်းရောင်အနေနဲ့ ဒီဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်ပုံကိုလည်း ခုလိုပဲ ပြောထားပါတယ်။ " ဇာတ်လမ်းလေးကို ဖတ်ကြည့်တော့ ပေါ့ပေါ့ပါးပါးလေးလည်းဖြစ်တယ်။ အဲ့ဒီအချိန်မှာလည်း ကျွန်တော်က သီချင်းအတွက် လုပ်ဖြစ်နေတယ်ဆိုတော့ လုပ်နိုင်မယ်လို့ ယူဆပြီး လက်ခံလိုက်တာပါ။ တကယ်တမ်းကျတော့ တော်တော်လေးကို ခက်ခက်ခဲခဲ လုပ်ခဲ့ရတာတွေလည်းရှိပါတယ်"

play

 

အလင်းရောင်အတွက် ရည်းစားဦးဇာတ်ကားက ပထမဆုံးကားကြီးလည်းဖြစ်သလို ရည်းစားမရှိသေးတဲ့အတွက် ဇာတ်ဝင်ခန်းတွေကိုလည်း တော်တော်လေးကြိုးစားပြီး သရုပ်ဆောင်ခဲ့ရပါသတဲ့။

ဓာတ်ပုံ - အလင်းရောင်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ