Entertainment: စနေတနင်္ဂနွေ အခမဲ့ ဖျော်ဖြေပွဲတွေ ဘယ်မှာ ရှိမလဲ

play

 

ကန်တော်ကြီး ကရဝိက် ဥယျာဉ်ကမ္ဘာမှာ  ညနေ ၅ နာရီခွဲကနေ ည ၉ နာရီခွဲအထိ Hollow Show အစီအစဉ်ရှိမှာ ဖြစ်ပါတယ်။ ပြည်သူ့ဥယျာဉ်မှာတော့ ညနေတိုင်း ပုံမှန်ရှိနေတဲ့ ရေပန်းရုပ်ရှင်ကို ပြသပေးမှာဖြစ်ပြီး ရာသီဥတုအရ စနေ ညနေမှာ မြန်မာ့ရိုးရာအက တင်ဆက်မှုအစီအစဉ်ကိုလည်း ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။

ကန်တော်မင်္ဂလာ ပန်းခြံက Happy World ကလေးကစားကွင်းမှာတော့  မျက်လှည့်တင်ဆက်မှုတွေ၊ အကအဖွဲ့တွေရဲ့ တင်ဆက်မှုတွေကို နံနက် ၁၁ နာရီကနေစပြီး အခမဲ့ ကြည့်နိုင်ပါတယ်။

ဈေးဝယ်စင်တာတွေ သွားမယ်ဆိုတဲ့ လူတွေအတွက်တော့  Junction Square ရဲ့ Marine Hall မှာ စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး IP ZONE ဖက်ရှင်ရဲ့ အထူးဈေးရောင်းပွဲ ရှိပါတယ်။

Aqua Hall မှာတော့ Bossini ဖက်ရှင်ရဲ့ အထူးဈေးရောင်းပွဲကို ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ City Mart ရှေ့ မှာရှိတဲ့ ပရိုမိုးရှင်း ဧရိယာမှာတော့ Green Impex ဖက်ရှင်ရဲ့ အထူးဈေးရောင်းပွဲကို ပြုလုပ်မှာ ဖြစ်ပါတယ်။

Junction Mawtin မှာတော့ ဒီတစ်ပတ် စနေ၊ တနင်္ဂနွေနှစ် ရက်စလုံး Health & Beauty Fair အစီအစဉ်ကို ပြုလုပ်ပေးမှာ ဖြစ်ပြီး 

တနင်္ဂနွေနေ့ လှည်းတန်းစိန်ဂေဟာမှာ နန်းခင်ဇေယျာရဲ့  တေးစီးရီးအခွေ ထွက်ရှိခြင်း အမှတ်တရ လက်မှတ်ရေးထိုးပွဲနဲ့ ဖျော်ဖြေပွဲ ရှိပါတယ်။


Sources: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ