Entertainment: ဂျက်စတင်နဲ့ ဝေးဝေးနေဖို့ ဇနီးဟောင်းကို တောင်းပန်တဲ့ စကော့တ် ဒစ်ဆစ်ခ်

စကော့တ်ဒစ်ဆစ်ဇ်ဟာ ကော့တနီ ကာဒါရှီယန်နဲ့ ဂျက်စတင်ဘီဘာတို့ရဲ့ အချစ်ဇာတ်လမ်းကို ဘယ်လိုမှ မနှစ်မြို့နိုင်ဖြစ်နေပါတယ်။

play

 

သနားစရာ စကော့တ်ပါပဲ။ သူဟာ ခရစ္စမတ်အားလပ်ရက်မှာ ကော့တနီနဲ့ ပြန်ပေါင်းနိုင်ဖို့ မျှော်လင့်ခဲ့ရှာပေမဲ့ ဂျက်စတင်က ကြားခံနေပါတယ်။

play

 

ဂျက်စတင်က ကော့တနီအပေါ် တကယ်မေတ္တာသက်ဝင်တယ်လို့ မယုံကြည်နိုင်တဲ့အတွက် သူ့ရဲ့ ဇနီးဟောင်းကို ဂျက်စတင်နဲ့ ဝေးဝေးနေဖို့ ပြောလာခဲ့ပါတယ်။

play

 

"စကော့တ်က ကော့တနီနဲ့ ပြန်အဆင်ပြေချင်တယ်။ ဂျက်စတင်က ကော့တနီကို အသုံးချနေတယ်၊ အဆုံးမှာ ကော့တနီပဲ နာကျင်ရမယ်လို့ သူထင်တယ်။ အမေ ရည်းစားသစ်ရတာကို သူ့ကလေးတွေ သိမှာလည်း သူအရမ်း စိုးရိမ်နေတယ်" လို့ အတွင်းသိ တစ်ယောက်က ပြောပါတယ်။

play

 

"ဒီအားလပ်ရက်မှာ သူ့မိသားစုကို ပြန်ရမယ်လို့ စကော့တ်က တကယ်ပဲ မျှော်လင့်ထားတာ။ ဂျက်စတင်က တစ်ကိုယ်ကောင်း ဆန်တယ်၊ သူ့ကလေးတွေရဲ့ ခံစားချက်ကို ထည့်စဉ်းစားမှာ မဟုတ်ဘူးလို့ သူက ထင်တယ်။ ဂျက်စတင်နဲ့ မျက်နှာချင်းဆိုင် တွေ့ပြီး ဖိအားပေးမယ်လို့ စကော့တ်က ပြောတယ်" လို့ ထိုသူက ဆိုပါတယ်။

play

 

စကော့တ်က ဂျက်စတင့်ဆီကို တွေ့ဖို့ ခဏခဏ ဖုန်းနဲ့ စာပို့ပေမဲ့ ဂျက်စတင်ကတော့ ဘာမှ ပြန်မပြောဘူးလို့ သိရပါတယ်။


Source & Photos : Hollywood Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ