Entertainment: နီရယ်လ်နဲ့ မျက်နှာချင်းဆိုင် ရှင်းချင်တဲ့ ဂျက်စတင်

ဇာတ်လမ်းတွေက ရှုပ်သထက် ရှုပ်လာပါတယ်။ ဂျက်စတင်က အခုထိ ဆယ်လီနာကို စိတ်မပြတ်နိုင်သေးပါဘူး။

play

 

ဂျက်စတင်ဘီဘာက ရည်းစားဟောင်း ဆယ်လီနာနဲ့ နီရယ်လ်တို့ ချစ်ကြိုက်သွားတာကို အစာမကျေနိုင် ဖြစ်နေပါတယ်။

သူတို့နှစ်ဦးဟာ ရည်းစားဟောင်း ဆိုပေမဲ့ မကြာခဏ ပြတ်လိုက် ပြန်ဆက်လိုက် ဖြစ်နေကြတာ လူတိုင်း အသိပါ။

play
ဂျက်စတင်နဲ့ ဆယ်လီနာ

 

နီရယ်လ်က ဆယ်လီနာကို လုယူသွားတယ်လို့ ဂျက်စတင်က ထင်နေကြောင်း ရင်းနှီးသူတွေက ပြောပါတယ်။

ဂျက်စတင်နဲ့ နီရယ်လ်က ညီအစ်ကိုလို ခင်ကြတဲ့ သူငယ်ချင်းလည်း ဖြစ်တဲ့အတွက် သူငယ်ချင်း အချင်းချင်း သစ္စာဖောက်တယ်လို့ ဂျက်စတင်က ယူဆနေပါတယ်။

play
ဆလီနာနဲ့ နီရယ်လ်

 

သူငယ်ချင်း နှစ်ယောက် မျက်နှာချင်းဆိုင် ရှင်းမယ်ဆိုပြီး ဂျက်စတင်က ဖုန်းနဲ့ စာအကြိမ်ကြိမ်ပို့ပြီး အကြောင်းပြန်ဖို့ ဖိအားပေးပေမဲ့ နီရယ်လ်ကတော့ ဆယ်လီနာက စာပြန်ဖို့ ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။

play
ဂျက်စတင်၊ နီရယ်လ်နဲ့ ဆလီနာတို့ ငယ်စဉ်က

 

ဆယ်လီနာကလည်း အသက် ၃၆ နှစ်အရွယ် ကော့တနီနဲ့ ဂျက်စတင်ရဲ့ ဇာတ်လမ်းကို ဒေါသထွက်လို့ မဆုံးသေးပါဘူး။

ဘယ်သူက ဘယ်သူ့ကို အသုံးချနေသလဲ။ ဘယ်သူက ဘယ်သူ့ကို တကယ်ချစ်တာလဲဆိုတာ မသိနိုင်တော့တဲ့ အခြေအနေပါ။

ဆယ်လီနာနဲ့ တွဲမိတဲ့အတွက် နီရယ်လ်က သူငယ်ချင်း အချင်းချင်း သစ္စာဖောက်တယ်လို့ ပြောလို့ရမလား။


Source & Photos : Hollywood Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ