play

 

ဒါဟာ တေလာဆွစ်ဖ်အတွက် အမှတ်ရစရာ ခရစ္စမတ်အကြို လက်ဆောင်တစ်ခုလို့ ဆိုနိုင်ပါတယ်။ တေလာဆွစ်ဖ်ဟာ အွန်လိုင်းမှာ ဆိုရှယ်မီဒီယာမှာ ဆက်စီဖြစ်လွန်းတဲ့ ပုံတွေ၊ မလုံ့တလုံ ကိုယ်လုံးတီးပုံတွေ တင်လေ့မရှိပေမဲ့ သူမရဲ့ အွန်လိုင်းပရိသတ်ကတော့ အခိုင်အမာရှိနေဆဲဆိုတာ သက်သေပြလိုက်တာပါပဲ။

play

 

တေလာဆွစ်ဖ်က အင်စတဂရမ်မှာ ကျော်ကြားတဲ့ ပြိုင်ဘက် ကင်မ် ကာဒက်ရှီယန်ထက် follower အရေအတွက် ပိုမို များပြားသွားခဲ့ပြီ ဖြစ်ပါတယ်။ ဆက်စီဆန်လွန်းတဲ့ ကမ်မ် ကာဒက်ရှီယန်ရဲ့ အင်စတဂရမ်မှာ follower အရေအတွက် ၅၅ သန်း ရှိနေပါတယ်။

play

 

တေလာဆွစ်ဖ်က followr သန်း ၆၀ ပြည့် အမှတ်တရအဖြစ် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း အင်တာဂရမ်မှာ ပြောကြားခဲ့ပါတယ်။

play

 

တေလာဆွစ်ဖ်က ခရစ္စမတ်အကြိုအဖြစ် ဆန်တာကလော့စ်ပုံစံ အဝတ်အစားနဲ့ အင်စတာဂရမ်မှာ ဓာတ်ပုံတင်ခဲ့ပြီး ဒီ ဓာတ်ပုံကို Like လုပ်သူ ၂.၁ သန်း ရှိခဲ့ပါတယ်။ ခရစ္စမတ်မတိုင်မီ ရက်အနည်းငယ်ခန့်ကလည်း ပြင်းထန်တဲ့ ရောဂါဝေဒါနာ ခံစားနေရတဲ့ သူမပရိသတ်ရဲ့ ကလေးငယ်တွေကို သွားရောက်တွေ့ဆုံ အားပေးတဲ့ ဓာတ်ပုံတင်ခဲ့ရာမှာ follower ၁.၆ သန်းက Like လုပ်ခဲ့ကြပါ တယ်။

Source & Photo: Daily Mail, Taylor Swift Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video