Entertainment: ချစ်လှစွာသောအမုန်း ရုပ်ရှင်ဇာတ်ကား အထူးပွဲ ပြသ

အထူးပွဲကို ကြည့်ရှုလိုက်သူတွေကတော့ ဒီဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တိုင်းဟာ အကောင်းဆုံး သရုပ်ဆောင်ထားကြတယ်လို့ ပြောပါတယ်။

play

 

ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားတဲ့ ချစ်လှစွာသောအမုန်း ရုပ်ရှင်ဇာတ်ကား အထူးပွဲကို ဒီဇင်ဘာ ၂၅ ရက် နံနက်က သမ္မတရုပ်ရှင်ရုံမှာ ပြသခဲ့ပါတယ်။

ချစ်လှစွာသောအမုန်းဟာ စာရေးဆရာမ ပုညခင်ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ အချစ်ဒရာမာ ဇာတ်ကားဖြစ်ပါတယ်။ အောင်ရဲလင်း၊ ဇင်ဝိုင်း၊ သက်မွန်မြင့်နဲ့ ဝတ်မှုံရွှေရည်တို့က ပါဝင်သရုပ်ဆောင်ထားတာပါ။

play

 

ဇာတ်ကား အထူးပွဲကို ချစ်လှစွာသောအမုန်း ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇာတ်ကားနာမည်ပါတဲ့ ကာရန်စာသား အကောင်းဆုံး ရေးစပ်နိုင်သူ ၁၀ ဦးကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

play

 

ချစ်လှစွာသောအမုန်းကို ၂၀၁၆ ဒီဇင်ဘာ ၁ ရက်မှာ ရုံတင်ပြသမှာဖြစ်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလထဲမှာ ရုံမတင်နိုင်ခဲ့လို့ ၂၀၁၅ ခုနှစ် အကယ်ဒမီစာရင်းမှာ အကျုံးမဝင်တော့ဘူးလို့ အကယ်ဒမီရွေးချယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - ချစ်လှစွာသောအမုန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ