Entertainment: နန်းဆုက ရှေ့ဆက်သွားဖို့ မိတ်ဆက်

လွတ်လပ်ရေးနေ့မှာ ထွက်မယ့် နန်းဆုရဲ့ ခွေကို လှည်းတန်းစင်တာမှာ နေ့လယ် ၂ နာရီက စပြီး ပရိုမိုးရှင်း ပြုလုပ်သွားမှာပါ။

play

 

သရုပ်ဆောင် နန်းဆုရတီစိုးရဲ့ ရှေ့ဆက်သွားမှာပဲ တေးစီးရီးသစ် မိတ်ဆက်ပွဲကို ဒီဇင်ဘာ ၂၅ ရက်က Park Royal ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

play

နန်းဆုရဲ့ ရှေ့ဆက်သွားမှာပဲ (Forward) ကို DVD အနေနဲ့ ထုတ်လုပ်ထားပြီး ဇန်နဝါရီ ၄ ရက်နေ့မှာ တစ်နိုင်ငံလုံးကို ဖြန့်ချိမှာပါ။ ဒီခွေလေးကို အချိန်ယူပြီး သေသေချာချာ ပြင်ဆင်ထားတာကြောင့် ပရိသတ်က အားပေးရကြိုးနပ်မှာပါလို့ နန်းဆုက ပြောပါတယ်။

play

 

ရှေ့ဆက်သွားမှာပဲခွေဟာ နန်းဆုရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်ခွေဖြစ်ပြီး ခွေထွက်တဲ့နေ့မှာတော့ နန်းဆုနဲ့အတူ အနုပညာမောင်နှမတွေက လှည်းတန်းစင်တာမှာ လက်မှတ်ရေးထိုးပြီး ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - နန်းဆုရတီစိုးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ