Entertainment: မြန်မာနှစ်ဦးအတွက် တရားမျှတမှု လိုချင်တယ်ဆိုတဲ့ ထိုင်းမင်းသမီး

မတရားမှုမှန်သမျှကို ရှုံ့ချမှာ ဖြစ်တယ်လို့ မင်းသမီးက ရေးသားထားပါတယ်။

play

 

ထိုင်းမင်းသမီး Panipak ကလည်း မြန်မာနှစ်ဦးအတွက် တရားမျှတမှုကို လိုချင်ကြောင်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ထုတ်ဖော်ပြသလိုက်ပါတယ်။

play

 

သေဒဏ်ချခံရတဲ့ မြန်မာနှစ်ဦးနဲ့ပက်သက်ပြီး  မြန်မာနိုင်ငံသားတွေရဲ့ ခံစားချက်ကို နားလည်ကြောင်းနဲ့ မတရားမှုမှန်သမျှကို ရှုံ့ချမှာ ဖြစ်တယ်လို့ မင်းသမီးက ရေးသားထားပါတယ်။ သူ့အနေနဲ့လည်း အာဏာမရှိတဲ့ ပြည်သူတစ်ယောက်သာ ဖြစ်နေတဲ့အတွက် လိုအပ်တဲ့အရာတွေ မဆောင်ရွက်ပေးနိုင်တာကို နားလည်ခွှင့်လွှတ်ပေးဖို့လည်း မင်းသမီးPanipak က ရေးသားခဲ့ပြီး ထိုင်းပြည်သူတွေကိုယ်စား တောင်းပန်တယ်လို့ ဆိုပါတယ်။

play

 

ထိုင်းပြည်သူတွေဟာလည်း မြန်မာပြည်သူတွေနဲ့ အတူရှိနေတာကြောင့် နှစ်ဖက်ပဋိပက္ခဖြစ်အောင် အလံနဲ့ဆဲရေးတာတွေ မလုပ်ကြဖို့လည်း သူမက တောင်းပန်ခဲ့ပါတယ်။

Photos Sources: DVB , LiLi Panipak

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ