Entertainment: မန္တလေးမှာ တစ်ကိုယ်တော် ပွဲလုပ်မယ့် ဝိုင်းစု

သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်းက ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့မှာ မန္တလေးတွင် တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်မယ်လို့ သိရပါတယ်။

play
မျှော်စင်ကျွန်းက White Christmas Show မှာ တွေ့တဲ့ ဝိုင်းစု

 

ပွဲချိန်က ညနေ ၅ နာရီမှ ၁၀ နာရီအထိဖြစ်ပြီး အာဇာနည်၊ ဟဲလေး၊ အားတီ၊ Snare နဲ့ စန္ဒီမြင့်လွင်တို့က ပါဝင်ကူညီသီဆိုပေးသွားမှာပါ။

play

 

Mandalay Hill Resort မှာ ပြုလုပ်မယ့် ဝိုင်းစုရဲ့ တစ်ကိုယ်တော်ပွဲမှာ Dream Lover Music Band က တီးခတ်ပေးမှာ ဖြစ်ပါတယ်။

play
မျှော်စင်ကျွန်းက White Christmas Show

 

သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်းဟာ အဆိုပိုင်းမှာ ပိုမိုလူကြိုက်များပြီး ပရိသတ်အခိုင်အမာရှိကာ ခရစ္စမတ်နေ့မှာ ပြုလုပ်ခဲ့တဲ့ မျှော်စင်ကျွန်းက White Christmas Show မှာလည်း ပရိသတ်ရဲ့ အားပေးမှု အများအပြားရရှိခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ