play

 

ဒီအားလပ်ရက်မှာ ခရစ္စမတ်ကတ်တွေပဲ လိုချင်တယ်လို့ ဆာဖိုင်ရာလေးက ပြောကြားခဲ့တာကို ကြားပြီးတဲ့နောက်မှာ ဆာဖိုင်ရာအတွက် ခရစ္စမတ်လက်ဆောင်တွေထည့်ထားတဲ့ သေတ္တာတစ်လုံးကို ပေးပို့ခဲ့ပါတယ်။

play

 

 “To My Survivor Safyre” လို့ ဆာဖိုင်ရာလေးကို ရည်ညွှန်းပြီး “သမီးဟာ အံ့သြစရာကောင်းလောက်အောင် စိတ်ခွန်အားပေးနိုင်တဲ့ သူပါပဲ။ ပျော်ရွှင်လှပတဲ့ အားလပ်ရက်ကို ပိုင်ဆိုင်နိုင်ပါစေ” လို့ ဘီယွန်းဆေးက လက်ရေးနဲ့ သေချာရေးပေးခဲ့တာပါ။

သေတ္တာထဲမှာ ဆိုငရင် ဆာဖိုင်ရာအတွက် အထူးပြုလုပ်ထားတဲ့ တီရှပ်အင်္ကျီ၊ ဘီယွန်းဆေးကို ရည်ညွှန်းတဲ့ ‘ဘီ’ အကြီးကြီးပါတဲ့ အဖြူရောင် ဖဲကြိုးနဲ့ ခေါင်းစည်းစသဖြင့် လက်ဆောင်တွေ တစ်ပုံတစ်ပင်ပါပဲ။

play

 

မီးထဲမှာ ညာလက်ပါ ဆုံးရှုံးခဲ့ရတဲ့ သနားစရာ ဆာဖိုင်ရာလေးကို ခရစ္စမတ်မတိုင်ခင်ကတည်းက လက်ဆောင် ပေးပို့သူတွေ အများကြီးပါ။ သမ္မတ ဘားရက်ခ်အိုဘာမားကလည်း ဆာဖိုင်ရာရဲ့ ဆုတောင်းတွေ ပြည့်မီစေဖို့အတွက် တောင်းဆုပေးတဲ့ ခရစ္စမတ်ကတ်တစ်ခု ပေးပို့ခဲ့ပါတယ်။

Source & Photos : Hollywood Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video