Entertainment: ၂၀၁၅ ခုနှစ်အတွင်း အနုပညာ လောကထဲက ဂွမ်းသွားတဲ့ ဖြစ်ရပ်တွေ

ဒီနှစ်ထဲက အမှတ်တရ ဖြစ်ခဲ့ရတဲ့ အကြောင်းအရာတွေထဲမှာ အနုပညာလောကထဲက ဂွမ်းသွားခဲ့ရတဲ့ ပုံရိပ်တွေကို ဖော်ပြလိုက်ပါတယ်။

play

 

ဖေဖော်ဝါရီ ၂၅ ရက်က ဖျော်ဖြေပွဲတစ်ခုမှာ သီချင်းဆိုနေရင်း စင်ပေါ်ကနေ ခြေချော်လဲတဲ့ မက်ဒေါနား

play

 

မေလ ၅ ရက်နေ့က နယူးယောက်မှာ ပြုလုပ်တဲ့ Met Gala ပွဲကို တက်ရောက်လာတဲ့ ရီဟားနားရဲ့ ဒီဇိုင်းကို ကြက်ဥကြော်နဲ့တူတယ်ဆိုပြီး လူတွေက မှတ်ချက်ပေးကြပါတယ်။

play

 

ဘရုစ် ဂျန်နာမှသည် ကိတ်လင်းဂျန်နာအဖြစ် လိင်ပြောင်းခဲ့တဲ့သတင်းက လူတွေကို လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့ပါတယ်။ သမီးတွေတောင် အရွယ်ရောက်နေမှ ရုတ်တရက်ကြီး မိန်းမဘဝ ခံယူလိုက်လို့ပါပဲ။ Vanity Fair မဂ္ဂဇင်း မျက်နှာဖုံးမှာ ပါလာတဲ့ ကိတ်လင်းဂျန်နာရဲ့ ပုံကတော့ လူပြောမဆုံး ဖြစ်ခဲ့ရပါတယ်။

play

 

သရုပ်ဆောင် ချာလီရှင်းက သူ့မှာ HIV ပိုး ရှိနေတယ်လို့ နိုဝင်ဘာ ၁၇ ရက်နေ့က NBC သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ဝန်ခံလိုက်ပါတယ်။

Source & Photo : Sky News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ